သူများပိုင်းပေးထားတဲ့ Partitions ကို လိုတိုး ပိုလျှော့ပြုလုပ်နည်းကျွန်တော်တို့ရဲ့ Computer ကို တစ်စုံတစ်ယောက်က
တင်ပေးထားတယ်ဆိုပါစို့။ တင်ပေးတဲ့ သူက Windows တင်မည့် အပိုင်းကို ပုံမှန် အရွယ်အစားထက် ပိုပြီးတော့ နေရာပို ပိုင်းခဲ့ .......
တာကို ခဏခဏ တွေ့ရပါတယ်။ ဒါကြောင့် ဒီ Post လေးကို တင်ပေးလိုက်တာဖြစ်ပါတယ်။လုပ် နည်းက GUI နဲ့ လုပ်ရာမှာမို့ မခက်ပါဘူး။ Third Party Tool တစ်ခုဖြစ်တဲ့ EaseUS Partitions Master ကို အသုံးပြုပြသွားမှာဖြစ်ပါတယ်။ အောက်မှာပေးထား တဲ့ link ကနေ EaseUS Partition Master ကိုဒေါင်းပြီး Install လုပ်လိုက်ပါ။Desktop ပေါ်မှာရှိတဲ့ EaseUS Partition Master ကိုဖွင့်လိုက်ပါ။ နံပါတ်တစ် ပုံမှာ တွေ့ရတဲ့ အတိုင်းပဲ ကျွန်တော်ရဲ့ Partition D: က နေရာလွတ် 1.81 GB ပဲကျန်တော့လို့ နီနေတာကိုတွေ့ရမှာပါ။ ပုံနှစ် အတိုင်း Desktop ပေါ်မှာရှိတဲ့ EaseUS Partition Master ကို ဖွင့်လိုက်ပါတယ်။ ပုံ နံပါတ် သုံး အတိုင်းပေါ်လာတဲ့ အခါမှာ Partition C: ကပိုနေတဲ့ အပိုင်းတွေကို ရွှေ့မှာဖြစ်လို့ C: ကို Select လုပ်လိုက်ပါတယ်။ ပြီးရင်တော့ Partition C: ရဲ့ အဆုံးသတ်နားကို Mouse Pointer ချလိုက်တာနဲ့ ပုံနံပါတ်လေး အတိုင်း Pointer ပြောင်းသွား မှာဖြစ်ပါတယ်။ ဘယ်ဘက်ကို မိမိလိုချင်တဲ့ ပမာဏ ရအောင် Drag ဆွဲလိုက်ပါ။ ပုံနံပါတ် ငါး အတိုင်း C: ထဲမှ Claster တွေကို ပိုင်းနေတာတွေ့ရပါလိမ့် မယ်။ ပြီးသွားရင်တော့ ပုံနံပါတ် ခြောက် အတိုင် Unallocated ဖြစ်နေတဲ့ အပိုင်းကို တွေ့ရပါလိမ့်မယ်။ အဲဒီ အပိုင်းကို Partition D: အပိုင်းထဲကို ထည့် မှာဖြစ်တဲ့ အတွက် ပုံနံပါတ် ခုနှစ် အတိုင် Partition D: ကို Select လုပ်ပြီး Partition D: ရဲ့ ရှေ့က အစွန်းကို Partition C: တုန်းကလိုပဲ Drag ဆွဲလိုက်ပါ။ ဒီတစ်ခါတော့ Unallocate ဖြစ်နေတဲ့ အပိုင်းဘက်ကို ဆွဲပေးရမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ ပုံနံပါတ် ရှစ် အတိုင်း ပြုလုပ်သွားမှာဖြစ်ပါတယ်။ အားလုံးပြီးသွားရင်တော့ ပုံနံပါတ် ကိုးမှာပြထားတဲ့ အတိုင်း Apply ကိုနှိပ်ပေးရမှာဖြစ်ပါတယ်။ပုံနံပါတ် ၁၀ အတိုင်း Operation နှစ်ခု ပြုလုပ်ရပါမယ် လို့ပြောပြပါတယ်။ Yes ကိုရွေးလိုက်ပါ။ပြီးရင်တော့ ပုံနံပါတ် တစ်ဆယ့်တစ် အတိုင်း မေးပါလိမ့်မယ် Yes ကိုပဲ ထပ်မံ နှိပ်ပေးလိုက်ပါ။ အပေါ်မှာပြုလုပ်ခဲ့တဲ့ Drag and Drop လုပ်ငန်းစဉ်တွေက ယာယီ သတ်မှတ်ထားတာပဲဖြစ်ပါသေးတယ်ဗျ။ Windows Run နေတုန်းမှာ ဒီလို Partition ကို အပြောင်းအရွှေ့ လုပ်လို့မရပါဘူး။ ပုံနံပါတ် တစ်ဆယ်တစ် က Yes ကိုနှိပ်လိုက်တာနဲ့ မိမိစက်ကို Restart ချသွားမှာဖြစ်ပါတယ်။ Computer Post လုပ်လို့ပြီးသွားရင်တော့ ပုံနံပါတ် ၁၂ မှ ၁၅ အထိ ဘာ key ကိုမှ နှိပ်စရာမလိုတော့ပါဘူး။ သူဟာသူ ပြုလုပ်သွားမှာဖြစ်ပါတယ်။ မိမိ ပိုင်းထားခဲ့ တဲ့ ပမာဏ အနည်းအများပေါ်မူတည်ပြီး အချိန်ကြာသွားမှာဖြစ်ပါတယ်။ စိတ်ရှည်ရှည်နဲ့ စောင့်ပေးဖို့လိုပါတယ်။ အထူးသတိထားရမှာက ဒီအဆင်မှာ Partition တွေကို Batch အနေနဲ့ ရွှေ့ပေးနေတာဖြစ်လို့ Computer ကိုပိတ်မပစ်လိုက်ပါနဲ့ မိမိရှိထားတဲ့ Data တွေ ဆုံးရှုံးရုံ သာမက HDD ပါ ပျက်စီးနိုင်ပါတယ်။ ဒါကြောင့် စိတ်ရှည်ရှည်နဲ့ စောင့်ပေးပါ။ ကျွန်တော် 15 GB ပိုင်းတုန်းက 6 မိနစ်ခန့်စောင့်ပေးလိုက်ရပါတယ်။ Clasters တွေ့ ရွှေ့လို့ ပြီးသွားတဲ့ အခါ တော့ Auto Restart ချပေးသွားမှာပါ။ ဘာ Key ကိုမှ နှိပ်ပေးစရာမလိုပါဘူးဗျ။ အားလုံးပြီးသွားရင်တော့ အောက်ဆုံးက ပုံအတိုင်း ကျွန်တော့်ရဲ့ အစောက 1.81 GB ပဲ ကျန်တော့လို့ နီနေတဲ့ Partition D: ဟာ အခုဆိုရင် 15 GB နေရာလွတ်ကျန်သွားလို့ ပုံမှန် အရောင်အတိုင်း ပြန်ဖြစ်သွားတာကိုတွေ့ရမှာပါ။ မိမိထည့်သွင်းလို့တဲ့ Data တွေကို စိတ်ကြိုက်ထည့်သွင်းနိုင်ပြီ ဖြစ်ပါတယ်။ မိမိ Hard Disk ကို စိတ်ကြိုက် ပြန်ပြီး တော့ Partition ပိုင်းနိုင်ကြပါစေ။
#Crd: - Info tech
✔သင့်မိတ်ဆွေသူငယ်ချင်းများအတွက် ရှဲပေးလိုက်ပါဦး၊အားလုံး အဆင်ပြေကြပါစေ။
နည်းပညာ ( အောင်အောင် လယ်ဝေးသားလေး )
Subscribe to:
Post Comments (Atom)
#🅰dobe Photoshop 2023 အခြေခံမှအဆင့်မြင့်အထိအပြည့်အစုံ Exercise Files များ
..ယနေ့ (19/4/2023) အသစ်ထွက်... သင်ခန်းစာ Tutorial များအခကြေးငွေဖြင့်ရောင်းချသော... နာမည်ကျော် Lynda (LinkedIn Learning) ဝဘ်ဆိုက်မှ... #Ado...

-
မင်္ဂလာပါခင်ဗျာ ကျွန်တော်ဒီတစ်ခါတင်ပေးမှာကတော့ သူငယ်ချင်းတို့ကွန်ပျူတာနှိပ်ရင် လက်ကွက်ရိုက်တာနှေးနေသလား စိတ်မပူပါနဲ့ ဒီဆော့ဝဲလေးနဲ့သာ လက်က...
-
That’ is we called ‘ iPhone Camera ‘ များစွာသော အိုင်ဖုန်းယူစာတွေသည် ဓါတ်ပုံရိုက်သည့်အခါမျိုးတွင် Camera Setting ကို ဝင်ရောက် ပြင်ဆင်ဖို့ဝေ...
-
ပီမိုးနင်း - မိန်းမစိတ်ကျမ်း စာအုပ်လေးပါ။ ဖတ်ချင်၊ လေ့လာချင်၊ စူးစမ်းချင်တဲ့ သယ်ရင်းတွေ စိတ်ကြိုက် သာ ဒေါင်းပြီး ဖတ်နိုင် လေ့လာနိုင်...
No comments:
Post a Comment