Monday, December 15, 2014

FormatFactory 3.3.3.0 ( လိုချင်တဲ့ Format တွေ ပြောင်းလို့ ရတယ်နော်..... ... )

Version : 3.3.3.0
Size :52.13MB
Format : rar
O/S : PC

ကွန်ပျူတာ အသုံးပြုသူတိုင်း ရင်းနှီးပြီးသာ ဖြစ်တဲ့ FormatFactory 3.3.3.0 ကို တင်ပေးလိုက်ပါတယ် ယခုထွက်သော Version တွေဟာ Format ပြောင်းတဲ့အခါ မြန်မာလို နားလည်းလာပါပြီး MP3/ MP4 တွေကို Format ပြောင်းတဲ့ နေရာမှာဆို ယခုလက်ရှိ နံပတ်(၁) စွဲနေတုန်းပဲ  အခုမှ ကွန်ပျူတာ စသုံးတဲ့ သူတွေအတွက် ရည်ရွယ်ပါတယ်၊ ကျွန်တော် အသုံးပြုပုံ အနည်းငယ်ကို အောက်မှာ ပုံနှင့် တကွ ရှင်းပြထားပါတယ်။


ပုံတွင် ပြထားသည့် အတိုင်း မိမိပြောင်းချင်သော Format ကို ရွေးချယ်ပေးပါ ဥပမာ၊   ၊Video ဆို Video ပေါ့ ကျွန်တော်က MP3 Format ကို ပြောင်းမယ် ဖြစ်သည့် အတွက် နံပတ်(၁) ပြထားသော နေရာက Audio ကို ရွေးချယ်ထားပါတယ် ပြီးရင် MP3 Format ကို ပြောင်းမယ် ဖြစ်တဲ့ အတွက် MP3 ဆိုတဲ့ Icon လေးကို Click နှိပ်လိုက်ပါ၊ ဒါဆိုရင် အောက်က ပုံအတိုင်း ပေါ်လာမယ် ဖြစ်ပါတယ်

 နံပတ်(၃) ပြထားသော နေရာမှာ မိမိထားချင်သော နေရာကို လမ်းကြောင်းပေးလိုက်ပါ ပြီးရင် နံပတ်(၄) နေရာက Add File ကို နှိပ်ပြီး မိမိ ပြောင်းချင်သော Format ကို ရွေးချယ်လိုက်ပါ အောက်က ပုံအတိုင်းပေါ့
မိမိပြောင်းချင်သော Format များ ရွေးချယ်ပြီးရင် Open ကို နှိပ်လိုက်ပါ အောက်က ပုံကို ဆက်ကြည့်ပါ
 ပုံတွင် ပြထားသည့်အတိုင်း နံပတ်(၆) ကို နှိပ်ပြီး မိမိပြောင်းထားသော MP3 ရဲ့ အရည်အသွေး ကို  နံပတ်(၇) ပြထားသော နေရာမှာ ချိန်းလို့ရပါတယ် မိမိစိတ် ချိန်းပြီးရင် Ok ကို နှိပ်လိုက်ပါ။ အောက်က ပုံကို ဆက်ကြည့်ပါ
ပုံတွင် ပြထားသည့် အတိုင်း Ok ကို ဆက်နှိပ်သွားပါ
နံပတ်(၁၀) တွင် ပြထားသည့် အတိုင်း Click to Start နှိပ်လိုက်ပါ၊ ဒါဆိုရင် အောက်က ပုံအတိုင်း ရာနှုန်းပြေးနေမယ် ဖြစ်ပါတယ်
ပုံတွင် ပြထားသည့် အတိုင်း ၁၀၀ရာနှုန်းပြည့်ရင် ပြီးသွားပြီး ဆိုတဲ့ အကြောင်း အသံလေး ထွက်လာရင် Ok ပြီးပေါ့။ မိမိပြောင်းထားသော MP3 ဖိုင်ကို မိမိပေးထားသော လမ်းကြောင်းတွင် ပြန်ကြည့်လိုက်ပါ
မှတ်ချက်။          ။ Rom device /DVD/CD/ISO ကို နှိပ်ပြီးတော့ CD/DVD ကနေ ISO ဖိုင် အဖြစ်လည်း ပြောင်းလဲလို့ရပါတယ်ခင်ဗျာ
အားလုံးပဲ အဆင်ပြေကြပါစေ......
IT မောက်မောက်လေးမှ ကောက်နုတ်တင်ပြလိုက်ပါတယ်
 
 

No comments:

Post a Comment

#🅰dobe Photoshop 2023 အခြေခံမှအဆင့်မြင့်အထိအပြည့်အစုံ Exercise Files များ

  ..ယနေ့ (19/4/2023) အသစ်ထွက်... သင်ခန်းစာ Tutorial များအခကြေးငွေဖြင့်ရောင်းချသော... နာမည်ကျော် Lynda (LinkedIn Learning) ဝဘ်ဆိုက်မှ... #Ado...