Wednesday, June 23, 2021

Computer ဟန်းနေရင် ဖြေရှင်းနည်း...... 👨💻🤔🤔

 

Computer ဟန်းနေရင် ဖြေရှင်းနည်း
 

ကွန်ပျူတာဘာကြောင့်ဟန်းရတာလဲ၊ ဘယ်လိုဖြေရှင်းရမလဲ? 👨💻🤔🤔
ကွန်ပျူတာအသုံးပြုသူတိုင်း နေ့တိုင်းကြုံတွေ့ရမယ့် ပြဿနာတစ်ခုက စက်ဟန်းနေခြင်းဖြစ်ပါတယ်။ Temp file, Old files တွေကို ရှင်းလင်းပေးပြီး စက်ကို Restart ချလိုက်ရင် ပြန်ကောင်းသွားတတ်ပေမယ့် တစ်ခါတစ်လေမှာတော့ Not Responding ဖြစ်နေရင်း စက်က Busy ဖြစ် အပြာရောင်အဝိုင်းလေးလည်နေတာ နာရီဝက်၊တစ်နာရီလောက်ထိ ကြာနေတတ်ပါတယ်။ အဲ့လောက်ထိကြာနေတာတောင် စက်က အဆင်ပြေသေးဘူးဆိုရင် စက်ကို ဘာ program တွေမှ မပိတ်လိုက် တိုက်ရိုက် Shutdown ချတတ်ကြပါတယ်။ အဲ့ဒီမှာ မ Save ရသေးတဲ့ Program, Files တွေက အကုန်လစ်သွားမှာပါ။ မိမိကွန်ပျူတာက ဟန်းတော့မယ့်အခြေနေဖြစ်မဖြစ် ဘယ်လိုသိနိုင်မလဲ။
စက်က i3, 6 Gen(U),RAM က 4 GB လောက်ပဲရှိတာကို Browser မှာ Tab တွေ အများကြီးဖွင့်ထားတယ်။ တစ်ခြား Programs တွေလည်း တစ်ပြိုင်တည်း သုံးနေတယ်။ Program အကြီးစား Photoshop တို့Engineering Software တို့စတာတွေလည်းသုံးနေတယ်။ ဂိမ်းလည်းဆော့နေတယ်ဆိုရင် သေချာပေါက် စက်ဟန်းမှာပါ။ တစ်ချို့စက်တွေမှာတော့ ဘာ program မှ မသုံးပဲလည်း စက်က Auto ဟန်းနေပြီးသား။ Desktop အပေါ်မှာ Run နေတဲ့ program တွေ မတွေ့ရပေမယ့် နောက်ကွယ်မှာ Run နေတဲ့ program တွေ ရှိပါတယ်။ မိမိစက်ဟန်းတော့မယ်ဆိုရင် CPU က Overheat ဖြစ်ပြီး အရမ်းပူလာပါမယ်။ အသံတွေလည်း တစ်ရှဲရှဲမြည်လာပါလိမ့်မယ်။ Taskbar ကို Right click နှိပ်ပြီး Task Manager ထဲဝင်ကြည့်ပါ။ အဲ့မှာ Process, Performance အောက်မှာကြည့်ကြည့်ပါ။ CPU, RAM, Harddisk, Internet, GPU တွေ ဘယ်လောက်အသုံးပြုနေတာတွေ တွေ့ရမှာပါ။ CPU, RAM, Harddisk တွေရဲ့Usage က 10%, 15%,20% လောက်ဆို ပုံမှန်အတိုင်းဖြစ်ပေမယ့် အဲ့ဒီထက်ကျော်လွန်ပြီး CPU က 50% ထက်ကျော်နေမယ်၊ Memory က အပြည့်သုံးနေမယ်၊ HDD Usage ကလည်း 100% အပြည့်သုံးနေပြီဆိုရင် မိမိစက်က ပုံမှန်မဟုတ်တော့ပါဘူး။ ဒီအတိုင်းပေကပ်ပြီး ဆက်သုံးနေရင်တော့ စက်ပျက်ဖို့မဝေးတော့ပါဘူး။ အဲ့ဒီလိုမဖြစ်စေဖို့ကြိုတင်လုပ်ဆောင်ထားသင့်တဲ့ နည်းလမ်းလေးတွေကို အောက်မှာ ဖော်ပြပေးသွားပါမယ်။
(1) Files အဟောင်းတွေ မလိုအပ်တဲ့ Files တွေ ရှင်းလင်းပါ။
ကျွန်တော်တို့ program တစ်ခုအသုံးပြုတိုင်း သုံးခဲ့သမျှ programs တွေရဲ့ Temp Files တွေ ကျွန်တော်တို့မမြင်နိုင်တဲ့နေရာမှာ ကျန်နေလေ့ရှိပါတယ်။ အဲ့ဒါတွေကို ရှင်းလင်းပေးရမယ်။ Windows Key နဲ့R ကို တွဲနှိပ်ပါ။ Run box ပေါ်မှာ အောက်ပါ (recent, temp, %temp%, prefetch ) command တွေကို တစ်ခုချင်းစီ ရိုက်ထည့်ပြီး Files တွေကို Select all လုပ်ပြီး Shift Delete နဲ့ဖျက်လိုက်ပါ။ ဖျက်လို့မရတာတွေကို Skip လုပ်ပါ။ CCleaner နောက်ဆုံးဗားရှင်းကို Install လုပ်ပြီး ပုံမှန် Run လုပ်ပေးပါ။ တစ်လတစ်ခါလောက် Run box မှာ (cleanmgr) လို့ရိုက်ထည့်ပြီး Disk Cleanup လုပ်ပါ။ Run box မှာ (dfrgui) ရိုက်ထည့်ပြီး Diskfragment လုပ်ပါ။
(2) Background Running Program မလိုအပ်တဲ့ Program တွေပိတ်ပါ။
မိမိစက်မှာ မလိုအပ်တဲ့ program တွေ Install လုပ်ထားခြင်းကလည်း မိမိ အသုံးမပြုပဲထားပေမယ့် နောက်ကွယ်မှာတော့ Run နေတတ်ပါတယ်။ Program and Features ထဲဝင်ပြီး မလိုအပ်တာတွေကို ဖြုတ်ပါ။ ကွန်ပျူတာရဲ့Default App တွေ၊ Store ထဲက App တွေကိုတော့ program and Features ကနေ ဖြုတ်လို့မရပါဘူး။ ဥပမာ- Notepad ကိုဖြုတ်ချင်တယ်ဆိုရင် သူ့location ထဲမှာ uninstall.exe နဲ့ဖြုတ်လို့ရသလို့Registry ထဲမှာ သွားဖျက်လည်းရတယ်။ Microsoft Trusted Store ထဲက App တွေကို ဥပမာ - Camera ဆိုပါတော့ သူကို ဖြုတ်ဖို့ All Settings\App အောက်က Apps & Features အောက်မှာ ဖြုတ်ချင်တဲ့ app တစ်ခုကို click တစ်ချက်နှိပ်ပြီး uninstall နှိပ်ပါ။ နောက်ထပ်ဖြုတ်ရမယ့် Background running program တွေဖြုတ်ပါ။ All Setting\ Privacy အောက်က Background Apps မှာ မလိုအပ်ရင် အကုန်သာ Off ထားလိုက်ပါ။ All Settings\App အောက်က Startup မှာလည်း အကုန်သာပိတ်ထားလိုက်ပါ။ Task Manager ကနေလည်း မလိုအပ်တဲ့ programs တွေကို End Task လုပ်လိုက်ပါ။ System တွေကိုတော့ မလုပ်မိစေနဲ့နော်။ မိမိစက်မှာ CCleaner ထည့်ထားရင်တော့ အဲ့ဒီ Tool ကနေဖြုတ်လို့ရတယ်။
(3) Anti-Virus Software တွေ အမြဲ Update လုပ်ထားပါ။
ကွန်ပျူတာမှာ ဘာမှမသုံးထားပဲ CPU Usage 100% ဖြစ်နေရင်တော့ Virus ရှိလို့လည်းဖြစ်နိုင်ပါတယ်။ အဲ့တော့ Virus Scanner တွေကို အမြဲ update လုပ်ထားပါ။ Windows Defender ကိုလည်း update ဖြစ်နေပါစေ။ ဖြစ်နိုင်ရင်နေ့တိုင်း စက်ဖွင့်တိုင်း Virus Scan run ပေးပါ။ တစ်ချို့Virus တွေက Virus scan ဆော့ဝဲလ်တွေ မသိတာတွေတောင်ရှိပါတယ်။ Windows 10 Defender ကတော့ တော်တော်ကိုအဆင့်မြင့်ပါတယ်။
(4) မလိုအပ်တဲ့ Services တွေကို ပိတ်ထားပါ။
Windows Search ကလည်း မိမိမျက်စိနဲ့မမြင်နိုင်ပေမယ့် နောက်ကွယ်မှာတော့ user ရှာတာ အလွယ်တကူ တွေ့နိုင်စေဖို့အလုပ်လုပ်နေရပါတယ်။ Search box ကနေတစ်ခုခု ရိုက်ရှာလိုက်ရင် မိမိရှာဖွေလိုက်တဲ့အရာနဲ့ပတ်သက်တာတွေကို ရှိသမျှနေရာတွေထဲမှာ လိုက်ရှာနေရပါတယ်။ အဲ့တာကြောင့် Windows Search ကို ပိတ်ချင်ရင် Services ထဲကိုဝင်ပါ။ Run box မှာ (services.msc) ရိုက်ထည့်ပါ။ Windows Search ကိုရှာပြီး Automatic ဖြစ်နေတာကို Disable လုပ် Ok နှိပ်ပေးလိုက်ပါ။ CMD ကနေ ပိတ်မယ်ဆိုရင် cmd ကို admin နဲ့run ပါ။ (net.exe stop “Windows Search”) လို့ရိုက်ထည့်ပြီး Enter နှိပ်ပါ။ The Windows Search Service was stopped successfully လို့ပြလာရင် ရပါပြီ။ Superfetch ကိုရှာပြီး Automatic ဖြစ်နေတာကို Disable လုပ် Ok နှိပ်ပေးလိုက်ပါ။ CMD ကနေ ပိတ်မယ်ဆိုရင် cmd ကို admin နဲ့run ပါ။ (net.exe stop superfetch) လို့ရိုက်ထည့်ပြီး Enter နှိပ်ပါ။ The Superfetch Service was stopped successfully လို့ပြလာရင် ရပါပြီ။ Background Intelligent Transfer Service(BITS) ကိုရှာပြီး Automatic ဖြစ်နေတာကို Disable လုပ် Ok နှိပ်ပေးလိုက်ပါ။ မလိုအပ်တဲ့ဟာတွေ Running ဖြစ်နေတာကို အပေါ်ကနည်းအတိုင်းလုပ်ပါ။ System တွေကိုတော့ မလုပ်မိပါစေနဲ့။ Run box မှာ (msconfig)လို့ရိုက်ထည့်ပြီး services tab အောက်ဆုံးမှာ Hide All Microsoft Services ကို အမှန်ခြစ်ခြစ်ပြီး ကျန်တာတွေကို Disable လုပ်လိုက်ရင်လည်းရပါတယ်။ အဲ့ဒီထဲက တစ်ခုခုကို ပြန်သုံးချင်ရင် Services မှာ disable လုပ်ထားတယ်။ သုံးချင်ရင် ပြန်ဖွင့်ပါလို့ message တက်လာပါမယ်။ ကိုယ်သုံးချင်တဲ့အချိန်မှ Enable လုပ်ပြီးသုံးပါ။
(5) RAM နည်းနေရင် Virtual RAM လုပ်ပြီးသုံးပါ။
(6) Power Options ကို High Performance ပြောင်းပါ။
ကွန်ပျူတာဘက်ထရီ power options က Windows ရဲ့ default plan ဖြစ်နေရင် တစ်ချို့ဘက်ထရီအားအရမ်းစားတဲ့ program တွေနဲ့တွေ့ရင် အဆင်မပြေနိုင်ပါဘူး။ အဲ့ဒီတော့ high performance ပြောင်းထားရမယ်။ ဘက်ထရီအကြောင်းကို ဒီမှာ တင်ခဲ့ပြီးပါပြီ။ Control Panel\All Control Panel Items\Power Options\Edit Plan Settings ထဲဝင်လိုက်ပါ။ အဲ့ဒီမှာ High Performance plan မရှိသေးရင် power options အောက်မှာ Create Power Plan မှာ High Performance plan ကို ရွေးပြီး Create လုပ်ပါ။ အခုမှ High Performance plan Create လုပ်တဲ့သူရော၊ ရှိပြီးသားသူတွေရော Change Advanced Power Setting ကို ဆက်နှိပ်ပါ။ အဲ့ဒီမှာ Balanced နေရာမှာ High Performance plan ကို ရွေးထားပေးပြီး ဒီမှာ ထဲက အတိုင်း တစ်ခုချင်းစီ သတ်မှတ်ပေးလိုက်ပါ။ ပြီးရင် Save Change လုပ်ဖို့မမေ့ပါနဲ့။
(7) Disk Check လုပ်ပါ။
CMD ကို admin နဲ့run ပါ။ (chkdsk.exe /f/r) ရိုက်ထည့်ပြီး Enter နှိပ်ပါ။ စက် Restart ချပြီးရင် check disk လုပ်မလုပ်(Y/N) မေးလာရင် 👍 လို့ရိုက်ထည့်ပါ။ စက် Restart ချပြီးရင် check disk လုပ်ပါလိမ့်မယ်လို့ပြလာပါလိမ့်မယ်။
(😎 Flash Player တွေကို Uninstall လုပ်ပါ။
Browser Setting ထဲဝင်ပါ။ Chrome ဆိုရင် chrome://settings/content/flash?search=flash+ ထဲဝင်ပါ။ အဲ့ဒီမှာ block or ကြိုက်သလိုလုပ်နိုင်တယ်။
(9) Diagnostic Tracking ကို Disable လုပ်ထားပါ။
CMD ကို admin နဲ့run ပါ။ (sc config “DiagTrack” start=disabled) လို့ရိုက်ထည့်ပြီး enter နှိပ်ပါ။ Success ဖြစ်သွားရင် (sc stop “DiagTrack”) လို့ ပြန်ရိုက်ထည့်ပါ။ The service has not been started ပေါ်လာရင် cmd ကို ပိတ်လို့ရပါပြီ။
(10) RunFullMemoryDiagnostic Job ကို Disable လုပ်ပါ။ Control Panel\All Control Panel Items\Administrative Tools အောက်က Task Scheduler ကိုဖွင့်ပါ။ Task Scheduler library ကိုချဲ့လိုက်ပါ။ Microsoft\Windows\MemoryDiagnostic အောက်အထိ သွားပါ။ RunFullMemoryDiagnostic ကို Right click နှိပ်ပြီး Disable လုပ်ပေးလိုက်ပါ။ စက်ကို Restart ချပေးလိုက်ပါ။

တစ်ခြားသူတွေလည်း လေ့လာရန် လိုအပ်နိူင်တာကြောင့် Shareလုပ်ခြင်းဖြင့် လက်ဆင့်ကမ်း မျှဝေပေးကြပါ။☺️😁
#Tech Computer and Knowledges

အားလုံး အဆင်ပြေကြပါစေ။

နည်းပညာ အောင်အောင် လယ်ဝေးသားလေး


No comments:

Post a Comment

#🅰dobe Photoshop 2023 အခြေခံမှအဆင့်မြင့်အထိအပြည့်အစုံ Exercise Files များ

  ..ယနေ့ (19/4/2023) အသစ်ထွက်... သင်ခန်းစာ Tutorial များအခကြေးငွေဖြင့်ရောင်းချသော... နာမည်ကျော် Lynda (LinkedIn Learning) ဝဘ်ဆိုက်မှ... #Ado...