Showing posts with label Computer & Internet ဆိုင်ရာ. Show all posts
Showing posts with label Computer & Internet ဆိုင်ရာ. Show all posts

Tuesday, March 21, 2023

အမည်မသိ ဖုန်းနံပါတ် လိပ်စာ တည်နေရာကို ခြေရာခံနည်း (၁၀)

 အားလုံးသိကြတဲ့အတိုင်း စမတ်ဖုန်းဈေးကွက်ဟာ လိုအပ်ချက်အားလုံးရဲ့ ထိပ်ကိုရောက်ဖို့ ပြင်ဆင်နေတဲ့ လမ်းကြောင်းကို ရောက်နေပါပြီ။ ဤအချက်အလက်များအရ၊ လူတစ်ဦးသည် စပမ်းစာတိုများ သို့မဟုတ် တယ်လီမားကတ်တင်းခေါ်ဆိုမှု ရာနှင့်ချီလက်ခံရရှိရန် လိုအပ်သည်။

အမည်မသိနံပါတ်များနှင့် သီးသန့်ခေါ်ဆိုမှုများသည် ကျွန်ုပ်တို့နေ့စဥ်ကြုံတွေ့နေရသည့် အဆိုးရွားဆုံးသောစိုးရိမ်မှုအမျိုးအစားဖြစ်ကြောင်း ဝန်ခံကြပါစို့။ ကန့်သတ်ထားသော သို့မဟုတ် အတိအကျမဟုတ်သော ခေါ်ဆိုမှုများသည် ထုတ်ကုန်များကို ရောင်းချရန် ကြိုးစားနေသည့် တယ်လီမားကတ်တင်းသမားများထံမှ လာပါသည်။

Tuesday, September 13, 2022

စာရိုက်တဲ့အခါ မြန်မာစာ မမှန်ဘူးဆိုရင် . . . .

 စာရိုက်တဲ့အခါ မြန်မာစာ မမှန်ဘူးဆိုရင် ဒီပို့စ်ကို အဆုံးထိ ဖတ်ပေးပါ။


Word, Excel တွေမှာ စာရိုက်တဲ့အခါ မြန်မာစာ မမှန်တဲ့ ပြဿနာကို လိုင်းပေါ်မှာ ခဏခဏ မေးနေတာ တွေ့ရပါတယ်၊ အထူးသဖြင့် Unicode ဖြစ်တဲ့ Pyidaungsu Font ကို အသုံးပြုတဲ့အခါမှာပါ။
ဘာကြောင့် မမှန်တာလဲ၊ မြန်မာစာမှန်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
အရင်ဆုံး ကိုယ့်ရဲ့စက်က Windows ဘယ်လောက်

Friday, October 16, 2020

ကွန်ပျူတာမှာ အင်တာနက် မရခြင်း ပြဿနာဖြေရှင်းနည်းများ

 

🎯ကွန်ပျူတာမှာ အင်တာနက် မရခြင်း ပြဿနာဖြေရှင်းနည်းများ🎯
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
1️⃣ WiFi အဖွင့်၊ အပိတ်လုပ်မရခြင်းပြဿနာဖြေရှင်းနည်း
2️⃣ Limited Access ဖြစ်နေခြင်းပြဿနာဖြေရှင်းနည်း
3️⃣ No Internet Access ဖြစ်နေခြင်းပြဿနာဖြေရှင်းနည်း
4️⃣ အနီရောင်ကြက်ခြေခတ် {Red Cross} ပြဿနာဖြေရှင်းနည်း
1️⃣ WiFi အဖွင့်၊အပိတ်လုပ်မရခြင်းပြဿနာဖြေရှင်းနည်း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ကွန်ပျူတာ Taskbar ပေါ်က WiFi ပုံ Icon လေးကို နှိပ်လိုက်ရင် ဘယ် WiFi နဲ့ချိတ်ချင်သလဲ ရွေးလို့ရတဲ့ လွင့်ထားတဲ့ WiFi တွေကို မြင်ရပါမယ်။ အဲ့ဒီ WiFi တစ်ခုကိုချိတ်ဆက်ဖို့ အရင်ဆုံး အောက်က WiFi Icon ပုံလေးကို တစ်ချက်နှိပ်ပြီး ON လုပ်ပေးရပါမယ်။ On လုပ်လိုက်မှသာလျှင် ချိတ်ဆက်နိုင်မယ့် WiFi တွေကိုမြင်ရပြီး ကိုယ်ချိတ်ဆက်တဲ့တစ်ခုကိုရွေးချိတ်နိုင်ပါတယ်။
တစ်ချို့သူတွေ WiFi က အဖွင့်၊ အပိတ်လုပ်လို့ မရဘူးဖြစ်နေတယ်လို့ မေးထားကြတာ တွေ့ပါတယ်။ တကယ်တော့ WiFi Icon ကို OFF လုပ်ထားလို့ပါ။
(‼️တစ်ချို့ဖြေထားကြတာကိုလည်း တွေ့ပါတယ်။ Airplane Mode ကို ON ထားရမယ်တဲ့။ အဲ့ဒါကတော့ မဟုတ်ပါဘူး။ Airplane Mode ကို On တယ်ဆိုတာက ဘယ် Network မှ ဝင်မလာအောင် ပိတ်လိုက်တဲ့ သဘောပါ။ Airplane Mode ကို OFF လုပ်ထားရမယ်။ အဲ့ဒီ Airplane Mode ကို On လုပ်လိုက်ရင် အကုန်လုံးကို ပိတ်လိုက်တာဖြစ်လို့ မည်သည့် Network မှ ပေါ်လာမှာ မဟုတ်ပါဘူး‼️)
အဲ့ဒါကြောင့် Airplane Mode ကို OFF လုပ်ထားပြီး WiFi ကို ON လုပ်လိုက်မှသာလျှင် ချိတ်ဆက်နိုင်သော WiFi တွေကို မြင်ရမှာဖြစ်ပါတလ်။ အဲ့ဒီမှာ ချိတ်ဆက်ချင်တဲ့ WiFi ကို Click တစ်ချက်နှိပ်ပြီး Connect ကို နှိပ်လိုက်ရင် ချိတ်ဆက်လို့ရပါပြီ။
2️⃣ Limited Access ဖြစ်နေခြင်းပြဿနာဖြေရှင်းနည်း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
⚠️ မိမိသုံးနေတဲ့ ကွန်ပျူတာမှာ Network တော့ချိတ်လို့ရပြီး သုံးမရပဲ အချိန်အကြာကြီး Limited Access ဖြစ်နေတဲ့ ပြဿနာဖြေရှင်းနည်းတစ်ခု ပြောပြချင်ပါတယ် ⚠️
ကွန်ပျူတာကို စဖွင့်ဖွင့်ချင်း အင်တာနက်တော့ တက်လာတယ်။ Network နဲ့လည်း Connected ဖြစ်နေတယ်။ ဒါပေမယ့် အင်တာနက် icon ပေါ်မှာ အဝါရောင် exclamation mark ပြနေပြီး အင်တာနက် သုံးလို့မရ၊ Limited access or no internet connection လို့ဖြစ်နေတတ်ပါတယ်။
အချိန်အတော်ကြာစောင့်လို့မှ အင်တာနက် မရသေးဘူး၊ Network Connections ထဲသွားပြီး Network ကို disable, enable လုပ်လည်းမရ၊ Wireless device or Router ကို ဖြုတ်ပြီး ပြန်တပ်လည်းမရ၊ Network ကို Forget, Remove လုပ်ပြီး ပြန်တပ်ကြည့်လည်းမရ၊ Device manager ထဲဝင်ပြီး network or wireless driver တွေကို uninstall လုပ်ပြီး ပြန် install လုပ်လည်းမရ၊ IP ခေါ် /release, /renew လုပ်ကြည့်လည်းမရ၊ စက်ကို ခဏခဏ restart ချလည်းမရဘူးဆိုရင် ဒီ ပြဿနာကို Windows ရဲ့ Network Diagnostics tool ကို သုံးပြီး ဖြေရှင်းရပါတော့မယ်။
ကွန်ပျူတာရဲ့ Status bar ပေါ်က Network or Wi-Fi icon အဝါရောင် exclamation mark ကို click တစ်ချက်နှိပ်လိုက်ရင် Troubleshoot problems နဲ့ Open Network and Sharing Center ဆိုပြီး ပေါ်လာပါလိမ့်မယ်။
အဲ့ဒီမှာ Troubleshoot Problems ကို နှိပ်လိုက်ပါ။ Troubleshoot problems ကို နှိပ်လိုက်လို့ Problems found- The Diagnostics Policy Service Is Not Running လို့ error message တက်လာရင်တော့ Run လုပ်ရတော့မယ်ပေါ့။ Running လုပ်ဖို့အတွက် အရင်ဦးဆုံး Command prompt ကို administrator နဲ့ဖွင့်ပါ။ ဖွင့်ပြီးရင် net localgroup Administrators /add networkservice (Space ခြားထားတာတွေကို မမေ့ပါနဲ့) လို့သေချာရိုက်ထည့်ပြီး Enter နှိပ်ပါ။
The command completed successfully လို့ပေါ်လာရင် နောက်တစ်ကြောင်းမှာ net localgroup Administrators /add localservice လို့သေချာရိုက်ထည့်ပြီး Enter နှိပ်ပါ။ The command completed successfully လို့ပေါ်လာရင် cmd ကို ပိတ်လိုက်ပါ။
Diagnostic Policy Service ကို Run လုပ်ဖို့ Run box မှာ services.msc ရိုက်ထည့်ပါ။ အဲ့ဒီမှာ services name တွေပေါ်လာရင် Diagnostic Policy Service ကို တွေ့အောင်ရှာကြည့်ပါ။
(✅ Services မှာ တစ်ခုခုကို click တစ်ချက်နှိပ်ပြီး Diagnostic ရဲ့အစစာလုံး D လို့ရိုက်ရှာကြည့်ရင် Diagnostic Policy Service ကို တွေ့ရမယ် ) Diagnostic Policy Service ကို click တစ်ချက်ထောက်၊ Properties ထဲဝင်၊ ဒါမှ မဟုတ် Diagnostic Policy Service ကို click နှစ်ချက်နှိပ် ဝင်ပြီး၊ Startup type နေရာမှာ Automatic ကိုရွေးပြီး အောက်နားက service status မှာ Start ကို နှိပ်လိုက်ပါ။ ပြီးရင် Apply, Ok နှိပ်၊ Tab တွေပိတ်၊ စက်ကို Restart ချပြီး ပြန်ဖွင့်ကြည့်ပါ။ Network or Wi-Fi icon ပေါ်မှာ အဝါရောင် exclamation mark မရှိတော့ပဲ ပုံမှန်အတိုင်း အင်တာနက် သုံးလို့ရပါပြီ။
3️⃣ No Internet Access ဖြစ်နေခြင်းပြဿနာဖြေရှင်းနည်း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
အင်တာနက်ချိတ်လိုက်တဲ့အချိန်မှာ No Internet Access ပြဿနာဖြေရှင်းနည်းကလည်း အပေါ်က နံပါတ်နှစ်အတိုင်းလုပ်ကြည့်ပြီး ဖြေရှင်းနိုင်သလို အောက်ပါအချက်များဖြင့်လည်းဖြေရှင်းနိုင်ပါတယ်။
☀️အရင်ဦးဆုံး ဖြစ်နိုင်ခြေရှိတဲ့ ပြဿနာကို စဉ်းစားရပါမယ်။
WiFi လွှင့်ထားတာကို သူများစက်ကျတော့ ချိတ်လို့ရနေပြီး ကိုယ့်စက်ကျမှ ချိတ်လို့မရ၊ ချိတ်လိုက်တိုင်း No Internet Access ဆိုတာကြီးဖြစ်နေတတ်ပါတယ်။ အဲ့ဒါကြောင့် ကိုယ့်ကွန်ပျူတာက IP လိပ်စာ အသေပေးထား၊ မပေးထား အရင်စစ်ကြည့်ရပါမယ်။
Windows Logo + R ကို တစ်ပြိုင်တည်းတွဲနှိပ်ပြီး Run Box မှာ ncpa.cpl ကိုရိုက်ထည့်ပါ။ (သို့မဟုတ်) ကွန်ပျူတာ Task Bar ပေါ်က Network, WiFi အပေါ်ကို Right Click နှိပ်ပြီး Open Network & Internet Settings ->Change Adapter Options ထဲကိုဝင်သွားလိုက်ပါ။ (Control Panel ->All Control Panel Items ->Network Connections အတိုင်းသွားရင်လည်းရပါတယ်) အခု မိမိစက်မှာဖြစ်နေတာက Network Cable နဲ့လား၊ WiFi နဲ့လား တစ်ခုကိုရွေးပြီး Right Click နှိပ်၊ အောက်ဆုံးက Properties ကို နှိပ်ဝင်လိုက်ပြီး (TCP/IPv4) ကို Click နှိပ်ချက်နှိပ်ဝင်လိုက်ပါ။ Use The Following IP အောက်မှာ IP တွေပေးထားတယ်ဆိုရင် အပေါ်က Obtain an IP ကို အမှန်ခြစ်ပေးပြီး OK နှိပ်ပေးလိုက်ပါ။ DHCP Server ကပေးတဲ့ IP ကို ယူသုံးဖို့တော့ပြင်ဆင်ပြီးသွားပြီ။ အဲ့ဒီ IP ကိုယ့်စက်ထဲကို မရောက်နိုင်တာ၊ မမှန်နိုင်တာတွေလည်းဖြစ်တတ်ပါတယ်။ အဲ့ဒါကြောင့် Cmd လို့ Windows Search box မှာ ရိုက်ရှာပါ။ အမဲရောင် Command Promtp ဆိုတာကိုတွေ့ရင် Right Click နှိပ်ပြီး Run as Admin ကို နှိပ်ပြီး အောက်ပါ Command တွေကို တစ်ခုပြီး တစ်ခုရိုက်ထည့် ကြည့်ပါ။
netsh winsock reset
netsh int ip reset
ipconfig /release
ipconfig /renew
ipconfig /flushdns
Windows All Settings\Network & Internet ထဲကိုဝင်သွားပြီး အောက်ဆုံးက Network Reset ဆိုတာကို နှိပ်ဝင်ပြီး Reset Now ကို နှိပ်လိုက်ရင်လည်းရပါတယ်။ အကုန်လုံးပြီးသွားရင် ပြန်ချိတ်ကြည့်ပါ။
4️⃣ အနီရောင်ကြက်ခြေခတ် (Red Cross) ပြဿနာဖြေရှင်းနည်း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
အနီရောင်ကြက်ခြေခတ် (Red Cross) ပြဿနာဖြစ်နေခြင်း၊ မည်သည့် Network မပေါ်လာခြင်းကတော့ Network Cable ကြိုးနဲ့ Wi-Fi ကို အလည့်ကျ အသုံးပြုတဲ့သူတွေ အဖြစ်များပါတယ်။
‼️ ကြိုးနဲ့သုံးတဲ့အချိန် Wi-Fi ကို OFF, Disable လုပ်ထားမိလို့ Wi-Fi နဲ့ပြန်သုံးတဲ့ အချိန် အနီရောင်ကြက်ခြေခတ်ဖြစ်နေနိုင်သလို Wi-Fi နဲ့သုံးတဲ့အချိန် ကြိုး Network Cable ကို Disable လုပ်ထားမိလို့ Cable Network ကို ပြန်ချိတ်တဲ့အချိန် အနီရောင်ကြက်ခြေခတ် ဖြစ်နေတတ်ပါတယ်။
Control Panel ->All Control Panel Items ->Network Connections ထဲကို ဝင်သွားပြီး အခုချိတ်ဆက်ချင်တဲ့ Wi-Fi, Network Cable တွေမှာ တစ်ခုခုက မိန်မိန်အရောင်လေးနဲ့ Disable ဖြစ်နေတယ်ဆိုရင် အဲ့ဒီ Disable ဖြစ်နေတာတစ်ခုကို Right Click နှိပ်ပြီး Enable ကိုနှိပ်ပါ။ Enable လုပ်တာတောင်မရသေးဘူးဆိုရင် Wi-Fi, Network Driver ကို Uninstall လုပ်ပြီး ကိုယ့်စက်မော်ဒယ်နဲ့လိုက်ရှာဒေါင်းပြီး ပြန်ထည့်ပါ။
Network ပြဿနာအားလုံးနီးပါးကို Network Driver ဖြုတ်၊ပြန်တပ်၊ Update ဖြစ်တာ Install ပြန်လုပ်ခြင်းအားဖြင့် 100 % ကောင်းနိုင်ပါတယ်။ ကြိုးနဲ့သုံးတယ်ဆိုရင် ကွန်ပျူတာမှာထိုးထားတာမိ၊မမိစစ်ကြည့်ရမယ်။ (‼️ဒါပေမယ့် Administrator က Registry Editor, Group Policy ကနေ ပိတ်ထားရင်တော့ အင်တာနက်သုံးခွင့်ရရှိမှာမဟုတ်ပါဘူး။ မိမိစက် Domain နဲ့အသုံးပြုနေသူတွေအနေဖြင့် Server ကနေ ပိတ်ထားရင်လည်း အင်တာနက်အသုံးခွင့်မရနိုင်ပါဘူး‼️)
အခုဖော်ပြပေးထားသော အကြောင်းအရာသည်
#Netcomplus_Website မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါတလ်...


Tuesday, July 14, 2020

Computer screen recorder software

အကောင်းဆုံး recorder software တစ်ခုပါ ဆော့ဝဲးကို အရင်အင်စတော့ ပြီးအောင်လုပ်ပေးပါပြီးမှ key ထည့်နည်းကတော အောက်ပါပြထားတဲ့ ပုံတွေ အတိုင်း လိုက်လုပ်ပေးပါ ...... ဆော့ဝဲးရဲ့အသုံးပြုပုံ အသုံးပြုနည်းကိုပါ တစ်ခါထဲ ပြထားပါတယ် ပုံတွေကို ဆုံးအောင်ကြည့်ပေးပါ အားလုံးပဲ အဆင်ပြေကြပါစေခင်ဗျ

Monday, January 9, 2017

ဘာဆော့ဝဲလ်မှမလို မိမိကွန်ပျူတာမှာ အင်တာနက်မြန်အောင် လုပ်နည်း


ဘာဆော့ဝဲလ်မှ သုံးဖို ့မလိုတဲ့ Hack နည်းလေးတွေ ပေးမယ် Hack ဆိုလို ့ မကောင်းဆိုးဝါးတွေ မကောင်းတဲ့နည်းတွေလို ့ပြေးမမြင်လိုက်နဲ ့နော်.... Hack ဆိုတာနဲ ့တချို ့က မကောင်းဆိုးဝါးလိုမြင်တတ်ကြတယ် Hacker တွေမှာ Black Hack,White Hack and Gray ဆိုပြီးရှိတယ် အခုချပြမှာက White Hack ထဲမှာ အကျုံးဝင်တဲ့ဟာတွေပါ Hacking အကြောင်း Hacker အကြောင်းဦးတည်တဲ့ ပို စ့်မဟုတ်တဲ့အတွက် Hacking and Hacker နဲ ့ပတ်သက်ပြီး တချို ့အထင်အမြင်မှား နေတတ်တာကို ဒီမှာထည့်ရေးမရှင်းတော့ပါဘူး နောက်မှ သီးခြားတင်ပြပေးပါတော့မယ် ကဲစလိုက်ရအောင် ပထမပေးချင်တာကတော့....
(1)လိပ်လိုနှေးပေမယ့် နည်းနည်းလေးမြန်အောင် လုပ်ကြည့်ကြစို ့.. ------------------------------+++++++++------------------------
ဒီနည်းလမ်းတွေကတော့ လှည့်စားမှုမဟုတ်ပါဘူး ဒါဟာမည်သည့် ဆော့ဝဲမှမလိုပဲ ရိုးရိုးရှငး်ရှင်း အင်တာနက်အမြန်နှုန်းကို မြင့်တင်ပေမယ့်နည်းလမ်းတွေပါပဲ..ဒီနည်းတွေဟာ windows ပေါ်မှာ အသုံးချဖို ့ဖြစ်ပါတယ်... ကဲစမယ် နည်းလမ်း ၁) Notepad ကိုဖွင့်လိုက်ပါ ပြီးရင် ဒီအောက်က code လေးတွေကို ကူးပါ ကူးပြီးရင် speedup.reg ဆိုတဲ့နာမည်နဲ ့ သိမ်းပြီး Run လိုက်ပါ.. yes or no မေးမယ် Yes လုပ်ပါ OK လုပ်ပါ ပြီးရင် ကွန်ပျူတာကို restart လုပ်ပေးပါခင်ဗျာ.. REGEDIT4 [HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Servic es\Tcpip\Parameters] "SackOpts"=dword:00000001 "TcpWindowSize"=dword:0005ae4c "Tcp1323Opts"=dword:00000003 "DefaultTTL"=dword:00000040 "EnablePMTUBHDetect"=dword:00000000 "EnablePMTUDiscovery"=dword:00000001 "GlobalMaxTcpWindowSize"=dword:0005ae4c -------------------။။။။။။။------------------------------------
နည်းလမ်း ၂) Start Menu> Run > ပြီးရင် gpedit.msc ရိုက်ပါ.. click ok -Local Computer Policy အောက်က Computer Configuration>Administrative Templates>Network>QOS Packet Scheduler> Limit Reservable Bandwidth ထိသွားလိုက်ပါခင်ဗျာ ပြီးရင် Limit Reservable Bandwidth ကိုနှစ်ချက်နှိပ်ပါ.. Enbale ကိုရွေးပါခင်ဗျာ ပီးရင် Bandwidth ကို 20% ကနေ 0% ကိုပြောင်းပါ ကဲ Apply and OK ပေါ့ဗျာ..အဆင်ပြေပါစေ တကယ်မြန်သွားလိမ့်မယ် မသေချာမှာစိုးရင် အထက်ပါအချက်တွေမလုပ်ခင် speed tester နဲ ့အရင်တိုင်းထားပီးမှ လုပ် ပီးရင်ပြန် တိုင်းဗျာ သိသိသာသာတိုးလာမယ်
--------------------------------------------------------------------------------------------------------
(2) မိမိတို ့အသုံးပြုနေတဲ့Moziler Firefox ရဲ ့လပ်ဆောင်နိုင်စွမ်းရည် ကို ၁ဝဆမြှင့်တင်မယ် ဒါဆို ဘာတွေကောင်းလာမလဲ???? Web page တွေကို လျင်လျင်မြန်မြန်ကြည့်နိုင်မယ်.... Tab တွ အသစ်ဖွင့်တဲ့အခါ အများကြီးဖွင့်တဲ့အခါ လေးလံခြင်းမရှိ အသုံးပြုနိုင်မယ် ယခင်ထက်ပို မြန်လာမှာဖြစ်ပါတယ် ဒီနည်းကတော့ Broadband မှာပဲသုံးလို ့ရမယ်နော် dial up connection တွေမှာမရပါဘူးခင်ဗျားကဲစလိုက်ကြစို ့... ကဲ Firefox ကိုဖွင့်လိုက်ပါ website နာမည် (www.google.com ) တို ့ရိုက်တဲ့ address bar လေးမှာ about:config လို ့ရိုက်ပြီး Enter ခေါက်ပါ ခင်ဗျာ
ကဲ ဒါလေးကို copy ကူးပါ network.http.pipelining ကူးပြီးရင် search ဆိုတာရှိမယ် ထပ်မှာအဲဒီမှာ အဲဒါလေးကို paste လုပ်ပြီးEnter ခေါက်ရှာလိုက် ကျလာလိမ့်မယ် အဲဒီမှာ သူ ့ရဲ ့ Value ကို false အနေနဲ ့တွေ ့ရမယ် အဲဒါကို နှစ်ချက်နှိပ်ပီး True အဖြစ်ပြောင်းပါ ကဲပြီးရင် ဒါလေးကိုပါ network.http.proxy.pipelining ကူးပါ ကူးပြီးရင် search ဆိုတာရှိမယ် ထပ်မှာအဲဒီမှာ အဲဒါလေးကို paste လုပ်ပြီးEnter ခေါက်ရှာလိုက် ကျလာလိမ့်မယ် အဲဒီမှာ သူ ့ရဲ ့ Value ကို false အနေနဲ ့တွေ ့ရမယ် အဲဒါကို နှစ်ချက်နှိပ်ပီး True အဖြစ်ပြောင်းပါ။
 ကဲ နောက်ထပ်တစ်ခါ ဒါလေးကိုကူးပါ network.http.pipelining.maxrequests ကူးပြီးရင် search ဆိုတာရှိမယ် ထပ်မှာအဲဒီမှာ အဲဒါလေးကို paste လုပ်ပြီးEnter ခေါက်ရှာလိုက် ကျလာလိမ့်မယ် အဲဒီမှာ သူ ့ရဲ ့ Value ကို နှစ်ချက်နှိပ်ပီး ၃၀ အဖြစ်ပြောင်းလိုက်ပါ ကဲနောက်ဆုံး အဆင့်ပေါ့..
အဲဒီနေရာမှာပဲ နေရာလွတ်တနေရာမှာ Right-Click နှိပ်ပါ >New>Interger ကိုရွေးပါ သူရဲ ့ performance name ကို nglayout.initialpaint.delay လို ့ပေးပါ ok နှိပ်ပါ ပြီးရင် သူ ့ရဲ ့ Value ကိုတော့ 0 (သုည) သတ်မှတ် ပေးလိုက်ပါ ဒီသုညကတော့ browser တွေ အလုပ်လုပ်တဲ့ အခါ စောင့်ရမယ့်အချိန်ကို သုညလို ့သတ်မှတ်လိုက်တော့ မြန်သွားတဲ့ သဘောပါပဲ..... နည်းပညာအသိများ တိုးပွားကြပါစေ....
 





#🅰dobe Photoshop 2023 အခြေခံမှအဆင့်မြင့်အထိအပြည့်အစုံ Exercise Files များ

  ..ယနေ့ (19/4/2023) အသစ်ထွက်... သင်ခန်းစာ Tutorial များအခကြေးငွေဖြင့်ရောင်းချသော... နာမည်ကျော် Lynda (LinkedIn Learning) ဝဘ်ဆိုက်မှ... #Ado...