Showing posts with label iPhone ဆိုင်ရာ. Show all posts
Showing posts with label iPhone ဆိုင်ရာ. Show all posts

Monday, August 6, 2018

သင့် iPhone Battery လဲချိန်တန်ပြီလားဆိုတာ ဘယ်လိုစစ်ဆေးသိရှိနိုင်မလဲ??

    သင့် BATTERY ဟာ MAX CYCLES 500 ပြည့်တာနဲ့ သင့်IPHONE မှလိုအပ်နေတယ့် POWER စားသုံးမှုကို ထောက်ပံ့ ပေးနိုင်ဖို့ မစွမ်းနိုင်တော့ပါ

Rechargeable Battery မှန်သမျှဟာ Cycle Time limit ရှိနေပြီးသားဖြစ်ပါတယ် MAC တွေမှာတော့ Battery cycle ကိုအချိန်မရွေးစစ်ဆေးနိုင်စေမယ့် Option ပါဝင်နေတာကြောင့် စစ်ဆေးဖို့ရန် သိပ်ကိုလွယ်ကူလှပါတယ် iPhone မှာတော့ battery နဲ့ပတ်သက်တယ့် Option တွေသိပ်မပါဝင်လှပါဖူး

Storage Spaces နည်းတဲ့ iDevices များကို Storage တိုးအောင် လုပ်ကြမယ်

လက်ရှိ ကျွန်တော်တို့ သုံးနေတဲ့ iPhone / iPad တွေရဲ့ Storage Usage Spaces ကို ဘယ်လို တိုးလာအောင်လုပ်မလဲပေါ့ တနည်းအားဖြင့် ကိုယ်အသုံးပြုခဲ့တဲ့ အသုံးပြုနေတဲ့ applications တွေရဲ့ junk files / cache files တွေကို clear လုပ်တဲ့ နည်းလမ်းပေါ့ ( ဒီနေရာမှာ တစ်ခုပြောရဦးမယ် ။ iOS မှာ အာ့လိုဖိုင်မျိုးတွေကို all clear caches လုပ်လို့ မရပါဘူး ။ မူလအနေအထားထက်တော့ အနည်းငယ် လျော့ကျသွားအောင်လို့ပဲ လုပ်လို့ရပါမယ် ) ။
ပထမနည်းလမ်းအနေဖြင့် application တစ်ခုကို အသုံးပြုပြီး cache clear လုပ်တဲ့ နည်းလမ်းလေးပါ ။
 လုံးဝ perfect ဖြစ်နေတဲ့ applications ဆိုတာမျိုးကတော့ မရှိပါဘူး ။ သို့ပေမယ့်လည်းပေါ့ ။
အတော်လေး အဆင်ပြေလို့ ညွှန်းပေးလိုက်တာပါ ။
Dowloas>>>
Dr.Cleaner Applicaton လေးပါ ။ ဖိုင်ဆိုဒ်ကလဲ သေးပါတယ် ။
ဒုတိယနည်းလမ်းကတော့ Laptop ( ဒါမှမဟုတ် ) Desktop ကွန်ပျူတာ ရှိတဲ့သူများအတွက် အဆင်ပြေမယ့် နည်းလမ်းလေး ဖြစ်ပါတယ် ။
( User တို့ရဲ့ ကွန်ပျူတာထဲမှာ iTunes Software ကတော့ install လုပ်နေပြီးသားလို့ ယူဆပါတယ် ။ ဒါဆို ကျွန်တော်တို့ ဆက်ပြီး သွားလိုက်ကြရအောင်ဗျ ။ )
User တို့ရဲ့ iPhone / iPad များကို ကွန်ပျူတာဖြင့် ချိတ်ပြီး iTunes Software ထဲကို ဝင်ပါ ။ iDevice Syncing လုပ်နေတာကို ခဏစောင့်ပေးပါ ။
မကြာပါဘူး ။
ပြီးသွားပြီဆိုရင် iTunes Software ထဲက iDevice သင်္ကေတလေးကို နှိပ်ပြီး ဝင်ပေးလိုက်ပါ ။
iDevice ရဲ့ Summary ထဲကို ရောက်ပြီဆိုလျှင် Backup ကို နှိပ်ရပါမယ် ။
Backup လုပ်ငန်းစဉ် ပြီးသွားပြီ ဆိုပါကလည်း နောက်ထပ်တစ်ကြိမ် ထပ်လုပ်ပေးပါ ။ Backup ( ၂ ) ကြိမ် ပြီးသွားပြီဆိုလျှင်တော့ User တို့ရဲ့ iPhone / iPad ထဲက Setting >> General >> iPhone Storage or iPad Storage ထဲကို ဝင်ပြီး စစ်ဆေးကြည့်ပါ ။ Backup မလုပ်ခင် Storage Usage Spaces ထက် အနည်းငယ်လျော့ကျသွားတာကို တွေ့ရပါလိမ့်မယ် ။
------------------------------------------------------------------------------------------------------------------------------------
တတိယနည်းလမ်းလေးကတော့ User တို့ရဲ့ iPhone / iPad ထဲကနေပဲ လုပ်လို့ရမယ့် နည်းလမ်းလေး ဖြစ်ပါတယ် ။ ဒါပေမယ့် ဒီနည်းကိုတော့ မလိုအပ်ပဲနဲ့ မသုံးတာက အကုန်အကျ သက်သာပါလိမ့်မယ် ။
ဇဝေဇဝါ ဖြစ်သွားပြီလားဗျ ။
လာမယ်လေ ရှင်းပြမှာပေါ့ ။
သူကတော့ Offload Unused Apps ပါပဲ ။ ဒီ Option ကိုတော့ Apple ကနေပြီး iOS ရဲ့ built-in features တစ်ခုအဖြစ် ထည့်သွင်းပေးထားပါတယ် ။ ဒါဖြင့် သူက ဘယ်လို အစွမ်းတွေ ရှိနေလို့လဲ ။
ဟုတ်ကဲ့ ။
သူကတော့ User တွေရဲ့ iPhone / iPad အတွင်း install လုပ်ထားပြီး အသုံးပြုမှု သိပ်မရှိတဲ့ ၊ Latest update သိပ်မဖြစ်တဲ့ applications အချို့ရဲ့ Data & Document files တွေကိုပဲ backup ( save ) ထားပေးပြီး အဆိုပါ applications ရဲ့ System files ကိုတော့ iDevice ပေါ်မှ ဖယ်ရှားပေးသွားပါတယ် ။ Uninstall လုပ်လိုက်တယ်ပေါ့ဗျာ ။
ဒီတော့ iDevice ရဲ့ Storage Usage Spaces ဟာ လျော့သွားပြီး free spaces တွေက ချက်ချင်းကြီးကို တိုးပွါးလာတာပေါ့ဗျာ ။
အဆိုပါ Uninstall လုပ်လိုက်တဲ့ applications ရဲ့ icon များကတော့ iDevice ပေါ်မှာ ကျန်ရှိနေဦးမှာဖြစ်ပြီး သူ့ရဲ့ System Data ကတော့ မရှိတော့တဲ့အတွက် User တို့အနေဖြင့် အဆိုပါ applications များကို အသုံးပြုမည်ဆိုပါက applications icon ကို နှိပ်ပြီး ပြန်လည်၍ ဒေါင်းလုတ်ဆွဲပေးရမှာ ဖြစ်ပါတယ် ။
ဒါဆို မိမိအကုန်အကျခံပြီး ဒေါင်းထားတဲ့ ဖိုင်ဆိုဒ်ကြီးမားလှတဲ့ Garageband လိုမျိုးကိုသာ Offload Unused လုပ်လိုက်မိရင်တော့ ။
ဂွမ်းပြီလား ။
ဒီ့အတွက် ဖြေရှင်းလို့ ရပါသေးတယ် ။
User တို့ရဲ့ iPhone / iPad တို့ရဲ့ Setting >> General >> iPhone Storage / iPad Storage ကို ဝင်ပါ ။ အပေါ်ဆုံးက Offload Unused Apps ကို Enable မလုပ်ပဲ အောက်ကို ဆက်ပြီး ဆင်းပါ ။ ပေါ်လာတဲ့ Device ပေါ်ရှိ applications များထဲကို ဝင်ပြီး မိမိအတွက် အသုံးမပြု ၊ မလိုအပ်သေးတဲ့ applications များကို တစ်ခုချင်းစီရဲ့ Offload app ကို နှိပ်ပေးပါ ။ ဒါဆို မလိုအပ်ပဲ အကုန်အကျလည်း နည်းသွားတာပေါ့ဗျာ ။
ကဲဗျာ ။
ကျွန်တော်ကတော့ User တွေရဲ့ iPhone / iPad Storage Spaces ကို တိုးသင့်သလောက် တိုးလာအောင် လုပ်တဲ့ နည်းလမ်းလေးတွေကို ပြောပြပြီးပြီဗျာ ။ User တွေကလည်း လက်တွေ့ ကိုယ်တိုင် စမ်းကြည့်ကြပါဦး ။
အားလုံးအဆင်ပြေကြပါစေဗျာ ။
နည်းပညာ အောင်အောင် လယ်ဝေးသားလေး
#iOS Banker Myanmar

မရှိမဖြစ်ဆောင်ထားသင့်တယ် iPhone Applications များ


    သင်ဟာ iPhone တစ်လုံး အသစ်ဝယ်လာခဲ့မယ် သို့မဟုတ် iDevice တစ်လုံးရှိနေပြီး ဘယ်လို Applications မျိုး သုံးရမယ်မန်းမသိဖူးဆိုရင်တော့ သင်နေရာမှန်ကို ရောက်လို့လာပါပြီ

ဒီမှာ နေ့စဉ်ဘဝ မှာအသူံးဝင် Apps လေးတွေကို ဖော်ပြပေးသွားပါမယ် Download လုပ်ခြင်ရင် Apps နာမည်လေးတွေကို နှိပ်လိုက်ပါ
(1) Facebook အတွက်ကတော့ ထူးထွေပြီးမပြောလိုတော့ပါဖူး အမြဲ Up to date လုပ်နိုင်ရင်ပိုကောင်းပါတယ် Activityမတတ်ရင်တော့ data အပိတ်အဖွင့်ကစားပြီးပြန်ဝင်ပါ။

ရုတ်တရက် Contacts တွေ ပျောက်သွားရင် ဘယ်လိုပြန်ယူမလဲ ?

 ရုတ်တရက် Contacts များ ပျောက်သွားကြောင်းနဲ့ ဒီ bug ကို iOS User အတော်များများမှာ ကြုံတွေ့နေပါတယ်လို့ မူလ post ပိုင်ရှင်က ဆိုထားပါတယ် .. တဆက်ထဲမှာပဲ အဲဒီပျောက်သွားတဲ့ Contacts များကို ပြန်ယူနည်းကိုလည်း ဖော်ပြပေးထားပါတယ် .. လုပ်ရမယ့်နည်းတွေကလဲ လွယ်ကူပါတယ် .. ဘယ်လိုလဲဆိုတော့
ပျောက်သွားတဲ့ Contacts တွေကို ပြန်ယူနည်းများ …
Method 1: Sign out of iCloud and Sign in back

iPhone နဲ့ iPad အသုံးပြုသူများသိထားသင့်တဲ့ Privacy & Security တစ်ချို့

 1-Find My iPhone
Settings >> iCloud >> Find my iPhone ကို iDevice အသုံးပြုသူတိုင်း on ထားသင့်ပါတယ် တစ်ဆက်တည်း Send Last Location ကိုပါ on ထားပါ ကိုယ့်ရဲ့ Device ပျောက်သွားခဲ့ရင် တစ်ခြား device တစ်ခုကနေ icloud website မှာကိုယ့် Apple ID ဝင်ပြီးရှာနိုင်ပါတယ် အားလုံးနီးပါးသိပြီးသားမို့ အထွေအထူးရှင်းပြဖို့လိုမယ်မထင်ပါဘူး တစ်ခုသတိထားရမှာက ကိုယ့်ရဲ့ကိုယ်ပိုင် ID ကိုသာသုံးသင့်ပြီး Password ကိုလည်းသေချာမှတ်ထားစေချင်ပါတယ်

2-Lock Screen Notifications for Messages and Mail
ကိုယ်ဆီကိုဝင်လာမဲ့ Messages & Mails များမှာ လူသိမခံစေချင်တဲ့အကြောင်းအရာတွေပါဝင်နေနိုင်ရင် Settings >> Notification >> Messages/Mails မှာ Show previews ကိုပိတ်ထားပါ
3-Use Letters and Numbers for Your Passcode
Six-digit passcode ကိုလုံခြုံမှုအားနည်းသေးတယ်လို့ယူဆရင် Letter တွေ Number တွေနဲ့ထားနိုင်ပါတယ်
Settings >> Touch ID & Passcode ( လက်ရှိသုံးနေတဲ့ passcode ရိုက်ထည့် ) >> Change Passcode ( လက်ရှိသုံးနေတဲ့ passcode ရိုက်ထည့် ) >> Passcode Options >> Custom Alphanumeric Code ကိုရွေးပြီး Letters & Numbers နဲ့ Passcode အသစ်ပေးပါ
4-Erase Data After 10 Passcode Attempts
အကယ်၍များ တစ်ယောက်ယောက်ကသင့်ဖုန်းကိုခိုးသွားပြီး Passcode အမှားတွေနဲ့ဖုန်းကိုဖွင့်ဖို့ကြိုးစားတဲ့အခါ ၁ဝကြိမ်မှားတာနဲ့ သင့်ရဲ့ data တွေကိုအလိုလျောက်ဖျက်နိုင်တဲ့ Security setting ကို iOS မှာထည့်သွင်းပေးထားပြီးသားပါ
Settings >> Touch ID & Passcode >> Erase Data ကို on ထားပါ
5-Lock Screen Access
Touch ID & Passcode setting မှာပဲပါတဲ့ Today View, Notification View, Siri, Reply with Message, Home Control, Wallet ဆိုတဲ့ features တွေကို iPh, iPad unlock မလုပ်ပဲ အသုံးမပြုနိုင်ဖို့ ပိတ်ထားသင့်ပါတယ်
6-Notes Lock
Note ရဲ့ညာဖက်အပေါ်ထောင့်မှာရှိတဲ့ share icon လေးကို နှိပ် Lock note ကိုရွေးပြီး Note တွေကို lock ချထားနိုင်ပါတယ်
7-Two-Factor Authentication
Apple ID ကို Two-Step Verification ခံထားပါ Password သိတယ်ဆိုရင်တောင် Verification code မသိပဲ တစ်ခြားတစ်ယောက်က သင့်ရဲ့ Apple ID ကိုသုံးနိုင်မှာမဟုတ်ပါဘူး
8-Auto-Delete Messages
Message တွေကိုအချိန်အကြာကြီးသိမ်းထားဖို့မလိုအပ်ရင် အလိုအလျောက်ရှင်းနိုင်ဖို့ Settings >> Messages မှာ 30 Days or 1 Year ကိုရွေးထားနိုင်ပါတယ်
9-Safari Private Browsing
Safari မှာသင်အသုံးပြုခဲ့တဲ့ history ဒါမှမဟုတ် login တွေကိုသင့် device ထဲမှာမှတ်သားထားခြင်းမရှိပဲသုံးချင်ရင် Safari ရဲ့အောက်ခြေညာဖက်ဆုံးမှာရှိတဲ့ Tabs icon ကိုနှိပ် အောက်ခြေ ဗယ်ဖက်ဆုံးမှာ ပေါ်လာတဲ့ Private ဆိုတာလေးကိုရွေးပြီး Private mode နဲ့သုံးနိုင်ပါတယ်
10-Turn Off Share My Location
အများအားဖြင့် Find My Friends app သုံတဲ့အခါမှာပဲအသုံးဝင်တဲ့ Share My Location ကိုပိတ်ထားပါ
Settings >> iCloud >> Share My Location
11-Use a VPN
Online ပေါ်မှာ Anonymous အနေနဲ့လုံခြုံစွာအသုံးပြုနိုင်ဖို့ VPN app သုံးပါ
12-Auto-Lock Settings
Default အနေနဲ့ one minute ဆိုရင် auto lock ကျပေမယ့် 30 seconds ထိလျှော့နိုင်ပါတယ်
Settings >> Display & Brightness >> Auto-Lock
13-Restrictions
Stock App တွေဖျောက်ထားနိုင်ဖို့နဲ့ တစ်ခြား sevice တွေကိုကန့်သတ်ထားနိုင်ဖို့ Restrictions ကို enable လုပ်ပြီးသုံးသင့်ပါတယ်
Settings >> General >> Restrictions
နည်းပညာ အောင်အောင် လယ်ဝေးသားလေး
# Linn Moe Eain

iPhone Camera ဆိုသည်မှာ ။

That’ is we called ‘ iPhone Camera ‘
များစွာသော အိုင်ဖုန်းယူစာတွေသည် ဓါတ်ပုံရိုက်သည့်အခါမျိုးတွင် Camera Setting ကို ဝင်ရောက် ပြင်ဆင်ဖို့ဝေးစွ Snap လောက်နဲ့သာ ပြီးသွားကြတာက များပါတယ် ။ ( အဟဲ ။ ကျနော်လဲ ဒါမျိုး လုပ်နေကြပါပဲ ။ )

တကယ့်တကယ် ပရော်ဖက်ရှင်နယ်တွေကတော့ Camera Setting တွေကို ချိန်ညှိပြီး ၊ ဓါတ်ပုံပြုပြင်တဲ့ ဆော့ဝဲလ်တွေနဲ့ပါ ကျွမ်းကျင်စွာ Edit လုပ်ကြတဲ့အတွက် လူအများ ပါးစပ်အဟောင်းသား ဖြစ်စေတဲ့ ပုံကောင်းကောင်းတွေ ထွက်လာကြပါတယ် ။ ( အဟက် ။ ကျနော်တို့လို ဘာမှမဟုတ်တဲ့ အပျော်တမ်းဓါတ်ဆရာတွေကတော့ လူပုံရိုက်ရင် ခေါင်း ၊ ခြေ ၊ လက် အစုံပါလာဖို့အတွက်ပဲ အဓိကဦးစားပေးပါတယ် ။ )
ကဲ ။ အပျောင်အပြက်တွေ ခဏထားဦး ။
ဒီပို့စ်မှာ အမှန်တကယ် ကျနော်ပြောချင်တာကတော့ ဓါတ်ပုံရိုက်တဲ့အခါမှာ ပိုမိုကောင်းမွန်တဲ့ ပုံတွေ ရရှိဖို့အတွက် ဖုံးကွယ်နေတယ် ဆိုတာထက် ကျနော်တို့ ၊ ခင်များတို့ မေ့နေ သတိမရတဲ့ဟာလို့ ပြောရမယ့် Setting တွေ အိုင်ဖုန်းရဲ့ ကင်မရာထဲမှာ ရှိနေပါသေးတယ် ။ ပရော်ဖက်ရှင်နယ်ကြီးတွေတော့ မဟုတ်ဘူးနော် ။ Basic လောက်ပေါ့ဗျာ ။
 1 ) Swipe On Camera
အရေးပေါ်ဓါတ်ပုံရိုက်ဖို့ လိုအပ်လာတဲ့အခါမှာ အိုင်ဖုန်းကို ထုတ်ပြီး ရိုက်ယူတော့မယ်ဆိုပါစို့ ။ Lock Screen ဖွင့်ရမယ် ။ ကင်မရာထဲကို ဝင်ရမယ် ။ ကဲ ဒါဆို ဓါတ်ပုံရိုက်ဖို့ အချိန်ကောင်း လွတ်သွားနိုင်တာပေါ့ ။ ဒီကိစ္စကို အိုင်ဖုန်းရဲ့ Lock Screen ပေါ်မှာတင် လျှင်မြန်စွာ ဖြေရှင်းလို့ ရတယ်ဗျ ။ Lock Screen ရဲ့ ဘယ်ဖက်ကို ပွတ်ဆွဲလိုက်ခြင်းဖြင့် ကင်မရာဆီကို တိုက်ရိုက်ရောက်သွားပါမယ် ။ ( အဲ iPhone X သမားတွေကလဲ ကင်မရာအိုင်ကွန်ကို ဖိပြီး ညာဖက်ကိုပဲ ပွတ်ဆွဲလိုက်ပါ ။ ဒါဆို ဓါတ်ပုံရိုက်လို့ ရပါပြီ ။ )
ဒါ့အပြင် ကိုယ်ကဖုန်းကို အသုံးပြုနေစဉ် ရိုက်ယူဖို့ လိုအပ်လာခဲ့ရင်လည်း Screen ရဲ့ အောက်ခြေကနေ အပေါ်ကို ပွတ်ဆွဲလိုက်ပြီး Control Center မှာ ပါရှိတဲ့ ကင်မရာအိုင်ကွန်လေးကို နှိပ်လိုက်ခြင်းဖြင့်လည်း ကင်မရာကို ဖွင့်နိုင်ပါသေးတယ် ။ ( iPhone X သမားများကတော့ ညာဖက်အပေါ်ထောင့်လေးကနေ အောက်ကို ပွတ်ဆွဲလိုက်မှ Control Center ပေါ်လာမှာ ဖြစ်ပါတယ် ။ )
  ( 2 ) Grid
Grid ဆိုတော့ လေးထောင့်မျဉ်းကွက်ပေါ့ ။ သူက ကင်မရာရဲ့ အသုံးတည့်ဆုံး Tools တွေထဲမှာ ပါတာပေါ့ ။ ဓါတ်ပုံတစ်ပုံ ရိုက်ကူးတဲ့အခါမှာ ကိုယ်ရိုက်ချင်တဲ့ Subject ကို Grid လိုင်းနှစ်ခုဆုံတဲ့နေရာမှာထားမယ်ဆိုရင် ပိုပြီး ကြည့်လို့ကောင်းတဲ့ ဓါတ်ပုံတွေကို ရရှိနိုင်ပါတယ်တဲ့ ။ ဓါတ်ဆရာတွေကတော့ ဒါကို Rule of Thirds လို့ ခေါ်ကြပါတယ် ။
ကဲ Grid ကို ဖွင့်ချင်လား ? ။
ကင်မရာမှာ Grid ကိုဖွင့်ထားချင်တယ်ဆိုရင်တော့ Setting >> Camera ထဲကိုဝင်ပြီး Grid ကို On ပေးလိုက်ရုံပါပဲ ။
 ( 3 ) Burst Mode
သူကလဲ Grid လိုပဲ အသုံးတည့်တဲ့ Tool တစ်ခု ဖြစ်ပါတယ် ။ တစ်စက္ကန့်အတွင်း ဓါတ်ပုံ ( ၁၀ ) ပုံကို တဆက်ထဲ ရိုက်ယူနိုင်တာကြောင့် ပြီးပြည့်စုံတဲ့ အက်ရှင်ရိုက်ချက်တစ်ခုကို မှုန်ဝါးမှု အနည်းဆုံးနဲ့ အလွယ်ကူဆုံး ရိုက်ယူနိုင်ပါတယ် ။
ဓါတ်ပုံရိုက်ခလုတ်ဖြစ်တဲ့ ကင်မရာထဲက Shutter ခလုတ်ကို စက္ကန့်ဝက်လောက် ဖိထားရုံနဲ့ Burst Mode က သူ့ဟာသူ အလုပ်လုပ်ပါတယ် ။ ရိုက်ယူထားတဲ့ ဓါတ်ပုံတွေထဲကမှ ကျနော်တို့ စိတ်ကြိုက်ဖြစ်စေတဲ့ စိတ်ကျေနပ်မှုရတဲ့ အကောင်းဆုံးဆိုတဲ့ ပုံကို ချန်ထားခဲ့ပြီး ကျန်တဲ့ ပုံတွေကို ဖျက်ပစ်လိုက်ရုံပါပဲ ။
 ( 4 ) Focus and Exposure
ဆုံမှတ်တစ်ခု ကြည်လင် ပြတ်သားဖို့နဲ့ ရိုက်တဲ့အခါမှာ အလင်းအမှောင် အနည်းအများကို လူကိုယ်တိုင် သတ်မှတ်ပေးစရာမလိုတဲ့ Autofocus ဆိုတဲ့ နည်းပညာဟာ အိုင်ဖုန်းတွေရဲ့ ကင်မရာမှာ Built-in ပါဝင်လာပြီးသားပါ ။ သို့ပေမယ့် တစ်ခါတရံမှာ Autofocus နည်းပညာက အလုပ်မလုပ်ဘူးဆိုရင်တော့ Focus နဲ့ Exposure တို့ကို ကျနော်တို့ ကိုယ်တိုင်သတ်မှတ်ပေးနိုင်ပါသေးတယ် ။ လုပ်ရတာ လွယ်ပါတယ်ဗျ ။
Subject ကို ချိန်ထားပြီးပြီဆိုရင် Screen ပေါ်ကို Tap လိုက်ပါ ။ ဒါဆို အဝါရောင်လေးထောင့်အကွက်လေး ပေါ်လာလိမ့်မယ် ။ လိုချင်တဲ့ Focus ပြတ်သားမှုရအောင်လို့ Tap လုပ်ပြီး ချိန်ညှိရုံပါပဲ ။
Exposure ကို ချိန်ညှိမယ်ဆိုရင်တော့ Screen ကို Tap လုပ်လိုက်တဲ့အခါ နေလုံးပုံအိုင်ကွန်လေး ပေါ်လာရင် အဲဒီအပေါ်မှာ လက်နဲ့ဖိထားပြီး အပေါ်အောက် အတိုးအလျော့လုပ်ရုံပါပဲ ။ စိတ်ကြိုက် Exposure အနေအထားကို ရပြီဆိုရင်တော့ ထိထားတဲ့ လက်ကို လွှတ်လိုက်ရုံပဲလေ ။
( 5 ) AE / AF Lock
AE / AF Lock = Auto Exposure / Auto Focus Lock
အိုင်ဖုန်းမှာ အလိုအလျောက် အလုပျလုပျပေးနတေဲ့ Exposure နဲ့ Focus ကို သတ်မှတ်အနေအထားတစ်ခုမှာ Lock အဖြစ် ချထားပေးနိုင်တဲ့ နည်းစနစ်ပါရှိပါတယ် ။ ဒါကို AE / AF Lock လို့ ခေါ်ပါတယ် ။ သူကဘယ်လိုနေရာမှာ အသုံးဝင်သလဲဆိုတော့ လှုပ်ရှားနေတဲ့ Subject တွေကို ဒါမှမဟုတ် အလင်းအမှောင် မညိမ်ပဲပြောင်းလဲနေတဲ့ အနေအထားမျိုးမှာ ရိုက်တဲ့အခါ AE / AF ကို Lock ချထားခြင်းအားဖြင့် ပုံတွေ မပြတ်သားတာ ( ဝါးတာဗျာ ) ၊ အလင်းအမှောင် မညိမ်ပဲ အပြောင်းအလဲ ဖြစ်နေတာတွေ ပျောက်သွားစေတယ်ဗျာ ။
Exposure နဲ့ Focus ကို Lock ချထားချင်သွားပြီလား ? ။
လုပ်ဖို့အတွက်ကတော့ လွယ်လွယ်လေးပါဗျ ။
Screen ပေါ်ကို လက်နဲ့ ခပ်ကြာကြာလေးဖိထားလိုက်ရင် Screen ရဲ့ ထိပ်ပိုင်းမှာ AE / AF Lock လို့ ပေါ်လာလိမ့်မယ် ။ ဒါဆိုရင် AE လို့ခေါ်တဲ့ Auto Exposure နဲ့ ၊ AF လို့ခေါ်တဲ့ Auto Focus တို့ကို Lock ချထားလို့ ပြီးသွားပါပြီ ။
( 6 ) HDR
High Dynamic Range = HDR
ဒီ Tool ကလဲ အိုင်ဖုန်းရဲ့ ကင်မရာမှာ Built-in ပါလာပြီးသားပဲ ဖြစ်ပါတယ် ။ သူလည်းပဲ အိုင်ဖုန်းကင်မရာရဲ့ အကောင်းဆုံးဆိုတဲ့ Tools တွေထဲမှာ ပါဝင်ပါတယ် ။ ဓါတ်ပုံတွေကို မတူညီတဲ့ Exposure သုံးမျိုးနဲ့ ပေါင်းစပ်ဖန်တီးပေးတဲ့ နည်းပညာပဲ ဖြစ်ပါတယ် ။
သူ့ကို အသုံးပြုချင်တယ်ဆိုရင်တော့ Setting >> Camera ထဲက Auto HDR ကို On ပေးလိုက်ရပါမယ် ( ဒါက iOS 11 မှာ လုပ်ရမယ့်ဟာပါ ။ iOS 10 သမားတွေကတော့ ဘယ်ဖက်အပေါ်မှာ HDR ဆိုတာရှိပြီး ၊ Auto , On & Off ဆိုကာ ( ၃ ) မျိုး ရွေးချယ်နိုင်ပါတယ် ။ )
  ( 7 ) Live Photo
iPhone စီးရီးအားလုံးမှာ မပါဝင်ပဲ iPhone 6S နဲ့ အထက်မှာသာ ပါဝင်လာတဲ့ နည်းပညာတစ်ခု ဖြစ်ပါတယ် ။ လှုပ်ရှားသက်ဝင်နေတဲ့ ဓါတ်ပုံတစ်ပုံကို ဖန်တီးပေးနိုင်တဲ့ နည်းစနစ်တစ်ခုဖြစ်တဲ့အတွက် အလွန်ကောင်းမွန်တဲ့ Tool တစ်ခုအဖြစ်လဲ မှတ်ယူနိုင်ပါတယ် ။
အသံနဲ့ လှုပ်ရှားနေတဲ့ ရုပ်ပုံပါဝင်တဲ့ ( ၃ ) စက္ကန့်စာ လှုပ်ရှားမှု Animation ဗွီဒီယိုတစ်ခုကို ရိုက်ယူနိုင်တာပဲ ဖြစ်ပါတယ် ။
ဒီ Tool ကို အသုံးပြုချင်တယ်ဆိုရင်တော့ ကင်မရာရဲ့ အပေါ်အလယ်တည့်တည့်က စက်ဝိုင်းသုံးထပ်လေးကို နှိပ်လိုက်လို့ ဝါသွားပြီး Live လို့ပေါ်လာရင် အသုံးပြုလို့ ရပြီ ဖြစ်ပါတယ် ။
3D Touch နည်းပညာပါတဲ့ အိုင်ဖုန်းမှာ Live Photo ပုံပေါ်ကို ခပ်ကြာကြာဖိထားလိုက်ပါက ရွှေ့လျားနေတဲ့ ဓါတ်ပုံတစ်ခုအဖြစ် မြင်တွေ့ရမှာပါ ။
 ( 8 ) Shutter ( Volume ) ခလုတ်
ဓါတ်ပုံရိုက်ကူးရာမှာ Shutter ခလုတ်အစား Volume ခလုတ်တွေကိုလည်း အသုံးပြုပြီး ရိုက်ယူနိုင်ပါတယ် ။ ( ခင်များတို့လည်း သိပြီးသားပဲ နေမှာပါ ။ ) သို့ပေမယ့် Volume ခလုတ်တွေက အတော်မာတာကြောင့် ဓါတ်ပုံရိုက်ရာမှာ Hand Shake တုန်ခါမှုဖြစ်စေနိုင်တဲ့အတွက် သိပ်တော့ အဆင်မပြေတာကို တွေ့ရပါတယ် ။ အလျားလိုက် ရိုက်တဲ့ နေရာမှာတော့ သိပ်အဆိုးဝါးကြီး မဖြစ်ပါဘူး ။
 ( 9 ) Shutter ( Earpod ) ခလုတ်
Earpod မှာပါတဲ့ Volume အတိုးအလျော့ခလုတ်တွေနဲ့လည်း ဓါတ်ပုံရိုက်ယူနိုင်ပါတယ် ။ ( ကြိုးကြီးနဲ့ဆိုတော့ နည်းနည်းတော့ ရှုပ်ပါတယ် ။ အဲ လူမသိ သူမသိ ဓါတ်ပုံခိုးရိုက်ချင်တဲ့သူများအတွက်တော့ ပိုအဆင်ပြေတာပေါ့ ။ )
သီချင်းနားထောင်နေသလို ဒါမှမဟုတ် ဖုန်းပြောနေသလို ဟန်ဆောင်ပြီး ဓါတ်ပုံတွေကို မသိမသာရိုက်ကူးမှု ပြုနိုင်ပါတယ် ။
ဒါ့အပြင် Tripod လို့ခေါ်တဲ့ သုံးချောင်းထောက်တုတ်မှာ အိုင်ဖုန်းကို တပ်ပြီး ဓါတ်ပုံရိုက်တဲ့အခါမှာလည်း Remote Shutter တစ်ခုအဖြစ်လဲ အသုံးပြုနိုင်ပါသေးတယ် ။
 ( 10 ) Geotagging
Geotagging ကို Enable လုပ်ထားမယ်ဆိုရင် ဓါတ်ပုံရိုက်တိုင်း အဆိုပါ ဓါတ်ပုံရိုက်ခဲ့တဲ့ တည်နေရာကို Map မှာ မှတ်သားထားပေးမှာ ဖြစ်ပါတယ် ။ အားလပ်ရက်အပန်းဖြေခရီးထွက်ပြီး ဓါတ်ပုံရိုက်ခဲ့တဲ့သူတွေအတွက် ဓါတ်ပုံဟာ ဘယ်နေရာ ဘယ်ဒေသမှာ ရိုက်ယူခဲ့ကြောင်းကို လွယ်လွယ်ကူကူနဲ့ ပြန်ရှာ ပြန်ကြည့်နိုင်တာပေါ့ဗျာ ။
သူ့ကို အသုံးပြုချင်တယ်ဆိုရင်တော့ Setting >> Privacy >> Location Services ကို On ထားပေးပြီး ၊ အဲဒီရဲ့အောက်မှာရှိတဲ့ Camera >> While Using ကို ရွေးပေးထားရပါမယ် ။
iOS 10 မှာတော့ ရိုက်ထားတဲ့ ဓါတ်ပုံရဲ့ ညာဖက်အပေါ်က Details ကို နှိပ်ပြီး နေရာဒေသအချက်အလက်တွေကို ကြည့်ရှုနိုင်ပါတယ် ။
iOS 11 မှာတော့ Photos ထဲက Moments ထဲမှာ ကြည့်နိုင်သလို Albums ထဲက Places မှာလည်း မြေပုံနှင့်တကွ ကြည့်ရှုနိုင်ပါမယ် ။
 ( 11 ) Timer
အိုင်ဖုန်းရဲ့ ကင်မရာထဲမှာ နာရီလက်တံပုံ သင်္ကေတလေးကို တွေ့မိကြမှာပါ ။ သူကလဲ အလွန်အသုံးဝင်တဲ့ Tool အဖြစ် ရှိနေပါတယ် ။
ကျနော်တို့ ခင်များတို့ Selfie ရိုက်တဲ့အခါမှာပဲဖြစ်ဖြစ် ၊ Tripod တွေ အသုံးပြုပြီး ရိုက်တဲ့အခါမှာပဲဖြစ်ဖြစ် Shutter ခလုတ်ကို နှိပ်ဖို့ Earpod ကြိုးက ခလုတ်ကို နှိပ်ဖို့ အဆင်မပြေတဲ့ အခြေအနေမျိုးကို ကြုံဖူးကြမှာပါ ။ ဒီလိုအခါမျိုးမှာ ဒီ Timer လေးက အလွန်ကို အသုံးဝင်လှပါတယ် ။
ကျနော်တို့အနေနဲ့ အချိန်သတ်မှတ်ပေးပြီး အလိုအလျောက်ရိုက်ယူပေးမယ့် ဒီ Tool လေးကိုသာ သတိရသင့်ပါတယ် ။
အချိန်ကိုလဲ ( ၃ ) စက္ကန့်နဲ့ ( ၁၀ ) စက္ကန့်ဆိုပြီး ရွေးချယ်ပေးနိုင်သေးတဲ့အတွက် တစ်ယောက်ထဲမကလို့ Group လိုက် ဓါတ်ပုံရိုက်ဖို့အတွက်ပါ အဆင်ပြေတာပေါ့ဗျာ ။
( 12 ) Panorama
အိုင်ဖုန်းယူစာ အတော်များများက သူ့ကို မေ့နေတတ်ကြပါတယ် ။ သူက သာမန်ရှုခင်းအလှကို ရိုက်တဲ့နေရာမှာ အသုံးမဝင်ပါဘူး ။
အဲ ဒါပေမယ့် လူအများကြီးနဲ့ Group လိုက် ဓါတ်ပုံရိုက်တဲ့အခါမှာတော့ အမှတ်တရ ပုံတွေထဲမှာ ကိုယ်တိုင် ပါဝင်နိုင်စေဖို့အတွက် အလွန်ကို အသုံးဝင်ပါတယ် ။
180 ံကို ရွှေ့လျားပြီးရိုက်ယူနိုင်တဲ့အတွက် လူတွေအများကြီးပါဝင်ရိုက်ကူးတဲ့အခါမှာ ကျန်ခဲ့တဲ့သူမရှိရလေအောင် ရိုက်ယူနိုင်တာက သူ့အားသာချက်ပဲ ဖြစ်ပါတယ် ။
အသုံးပြုတဲ့အခါမှာလည်း ဘယ်ကနေညာ ၊ ညာကနေဘယ် ကိုယ့်စိတ်ကြိုက်ရွေးချယ်ပြီး ရိုက်ယူလို့ ရပါတယ် ။ ( Panorama ထဲက မျှားအဖြူလေးရှိတဲ့ အကွက်ထဲကို နှိပ်ပြီး ဘယ် ညာ ပြောင်းပေးလို့ ရပါတယ် ။ )
( 13 ) Portrait
ဒီ Tool ကတော့ iPhone 7Plus , iPhone 8Plus နဲ့ iPhone X တို့မှာပဲ ပါလာတဲ့ဟာ ဖြစ်ပါတယ် ။ ( iPhone X မှာတော့ Selfie Portrait ပါ ပါဝင်ပါတယ် ။ )
Depth Effect လို့ခေါ်တဲ့ Background Blur နည်းပညာဟာ ကိုယ်ရွေးချယ်ထားတဲ့ Subject ကိုပဲ ကြည်လင်ပြတ်သားနေစေပြီး ဘေးအနားက ပါတ်ဝန်းကျင်ကိုတော့ ဝါးထားစေတဲ့ Feature ပဲ ဖြစ်ပါတယ် ။
iPhone 7Plus , iPhone 8Plus နဲ့ iPhone X တို့ရဲ့ Dual Camera ( ၂ ) လုံးနဲ့ ဖန်တီးယူတဲ့ နည်းပညာပဲ ဖြစ်ပါတယ် ။ ဒါကြောင့် Third Party Applications များနဲ့ ဒီလို Feature မျိုးကို ဖန်တီး ရယူလို့ ရတာမှန်ပေမယ့် Built-in ပါလာတဲ့ Dual Camera ရဲ့ အရည်အသွေးကိုတော့ မှီဖို့ မဖြစ်နိုင်ဘူး ထင်ပါတယ် ။ ( ဘယ်လိုပဲပြောပြောပါ ။ ဒီ Portrait မှာလဲ အားနည်းချက် ၊ အားသာချက်တွေကတော့ ရှိနေတာပါပဲ ။ အဓိကကတော့ အကွာအဝေး နီးနီးနားနားမှာပဲ အလုပ်ဖြစ်တာကိုပါ ။ )
ဒီ Tool ကို အသုံးပြုချင်တယ်ဆိုရင်တော့ ကင်မရာထဲကို ဝင်ပြီး Portrait ဆိုတဲ့နေရာကိုရောက်အောင် ရွှေ့ပေးလိုက်ရုံပါပဲ ။
iPhone 8Plus နဲ့ iPhone X တို့ရဲ့ Portrait မှာတော့ ပြောင်းလဲမှု ကြီးကြီးမားမားတွေ ပါလာပြီ ဖြစ်ပါတယ် ။ ဒီပို့စ်မှာတော့ ဂဃဏန မပြောတော့ပါဘူး ။ အကြမ်းဖျဉ်းလောက်ပေါ့ဗျာ ။
iPhone 8Plus နဲ့ iPhone X ရဲ့ Camera မှာ Built-in အနေဖြင့် ပါလာတဲ့ Portrait Mode ဟာ iPhone 7Plus ရဲ့ Portrait Mode ထက် ပိုမိုပြီး ကောင်းမွန်လာတာကို တွေ့ရပါတယ် ။
iPhone 7Plus ရဲ့ Portrait Mode မှာတုန်းက ရွေးချယ်စရာ Option အများကြီး မပါခဲ့ပါဘူး ။ ကြိုက်ကြိုက် မကြိုက်ကြိုက် Original Option တစ်ခုထဲကိုသာ အသုံးပြုနိုင်ခဲ့ပါတယ် ။ ၎င်း Option မှာလည်း Beta အနေဖြင့်သာ ပါဝင်လာခြင်းပဲ ဖြစ်ပါတယ် ။
( 14 ) 2 x / 10 x Zoom
iPhone 7Plus , iPhone 8Plus နဲ့ iPhone X မှာပဲ ပါဝင်တဲ့ 2 x / 10 x Zoom ကလဲ အလွန်ကို အသုံးဝင်ပါတယ် ။ 12 Megapixel ကင်မရာနှစ်လုံးမှာ တစ်လုံးက Wide-angle ဖြစ်ပြီး ၊ တစ်လုံးက Telephoto ဖြစ်တဲ့အတွက် အဝေးက Subject ကို Zoom ဆွဲပြီး ရိုက်တဲ့အခါမှာ 2 x ( Optical Zoom ) ဖြင့် ကြည်လင်ပြတ်သားစွာ ဆွဲယူရိုက်ကူးနိုင်ပါတယ် ။ ( iPhone X မှာတော့ Dual Image Stabilization နည်းပညာ ပါဝင်ပါတယ် ။ )
ဒါ့အပြင် Digital Zoom ကိုလဲ 10 x အထိ ဆွဲယူနိုင်သေးတဲ့အတွက် ခပ်လှမ်းလှမ်းက Subject ကို အရည်အသွေးကောင်းကောင်းနဲ့ ရိုက်ကူးမှုလဲ ပြုလုပ်နိုင်ပါသေးတယ် ။ အသုံးပြုဖို့အတွက်ကလဲ လွယ်ကူပါတယ် ။
ကင်မရာထဲဝင်လိုက်ပါက View Finder လို့ခေါ်တဲ့ Display Screen ပေါ်မှာ 1 x ဆိုပြီးပေါ်နေပါမယ် ။ 1 x ကို ထိလိုက်ပါက 2 x ကို zoom ဆွဲပြီးသား ဖြစ်သွားပါမယ် ။ Digital Zoom ကို ဆက်ပြီး အသုံးပြုချင်တယ်ဆိုရင်တော့ 1 x ပေါ်မှာ ခပ်ကြာကြာဖိထားလိုက်ရပါမယ် ။ ဒီအခါမှာ Zoom ကို ဆက်ပြီး ဆွဲဖို့ စက်ဝိုင်းခြမ်းခုံးလေး ပေါ်လာပါလိမ့်မယ့် ။
လိုချင်တဲ့ Zoom အနေအထားကို ရောက်ဖို့အတွက်ကတော့ လက်နဲ့ဖိထားပြီး စက်ဝိုင်းခုံးအတိုင်း ရွှေ့ပေးသွားလိုက်ရုံပါပဲ ။
ကဲဗျ ။
ကျနော်ကတော့ ခင်များတို့ မေ့နေတာလေးတွေကို ပြန်သတိရအောင်လို့ နွှေးပေးပြီးပြီ ။
ကျန်တဲ့ ဘယ်နေရာမှာ ဘယ်လို အသုံးချမယ် ဆိုတာကတော့ ခင်များတို့ကိုယ်တိုင်ပဲ စမ်းကြည့်ကြပါတော့လို့ ။
အားလုံးအဆင်ပြေကြပါစေ ။
နည်းပညာ အောင်အောင် လယ်ဝေးသားလေး
#( iOS Banker Myanmar )

#🅰dobe Photoshop 2023 အခြေခံမှအဆင့်မြင့်အထိအပြည့်အစုံ Exercise Files များ

  ..ယနေ့ (19/4/2023) အသစ်ထွက်... သင်ခန်းစာ Tutorial များအခကြေးငွေဖြင့်ရောင်းချသော... နာမည်ကျော် Lynda (LinkedIn Learning) ဝဘ်ဆိုက်မှ... #Ado...