Showing posts with label Computer ဆိုင်ရာ. Show all posts
Showing posts with label Computer ဆိုင်ရာ. Show all posts

Thursday, June 15, 2023

#🅰dobe Photoshop 2023 အခြေခံမှအဆင့်မြင့်အထိအပြည့်အစုံ Exercise Files များ

 ..ယနေ့ (19/4/2023) အသစ်ထွက်...

သင်ခန်းစာ Tutorial များအခကြေးငွေဖြင့်ရောင်းချသော...
နာမည်ကျော် Lynda (LinkedIn Learning) ဝဘ်ဆိုက်မှ...
#Adobe Photoshop 2023
စံနစ်တကျလေ့လာတတ်မြောက်လိုသူများ ၊ လုပ်ကိုင်လိုသူများအတွက်...
ထရိန်နာ - *Julieanne Kost* ရဲ့...
#🅰dobe Photoshop 2023
အခြေခံမှအဆင့်မြင့်အထိအပြည့်အစုံ Exercise Files များနှင့်တစ်ကွ...


Wednesday, June 14, 2023

ဘက်ဂရောင်းမြူးဇစ်ပေါင်း (297) ပုဒ်

 ယနေ့ (6/6/2023) အသစ်ထွက်...

...မိမိဗွီဒီယိုများအတွက်နောက်ခံဘက်ဂရောင်းမြူးဇစ် (297) ပုဒ်ဖြစ်တယ်...
ကမ္ဘာကျော် Background Music/SoundvClips နာမည်ကျော် *AudioJungle* အော်ဒီယိုဂျမ်းဂဲလ် မှထုတ်လုပ်သော ...အရည်အသွေးမြင့် (.wav) ဖောမတ်များဖြစ်ပြီး..
(No Watermark) အသံနောက်ခံရေစာ (AudioJungle) မပါဝင်ပဲ ဝယ်သုံးသကဲ့သို့အသုံးပြုနိုင်မည်...

Tuesday, June 13, 2023

ဖိုတိုရှော့ 2023 AI Beta တွင်ပါဝင်လာသည့် AI နည်းပညာဖြစ်သော... *Generative Fill* အသုံးပြုနည်းအခြေခံမှအဆင့်မြင့်အထိ

 ...ယနေ့ (12/6/2023) အသစ်ထွက်...

ဖိုတိုရှော့ 2023 AI Beta တွင်ပါဝင်လာသည့် AI နည်းပညာဖြစ်သော...
*Generative Fill* အသုံးပြုနည်းအခြေခံမှအဆင့်မြင့်အထိလမ်းညွှန်ပြသထားသော PhotoshopCAFE.com မှထုတ်လုပ်သည့် အခကြေးငွေဖြင့်ရောင်းချသော...
ထရိန်နာ *Colin Smith* ၏ ဗွီဒီယိုသင်ခန်းစာ (23) ဖိုင်နှင့် လေ့ကျင့်ရန်နမူနာ Exercise Files များပါဝင်သည်..
Learning Generative Fill Ai in Photoshop Tutorial (23) Videos + Exercise Files with *Colin Smith*
(1.46) GB.

#UKM မှကောက်နုတ်တင်ပြလိုက်ပါတယ် ....

နည်းပညာ အောင်အောင် လယ်ဝေးသားလေး

Sunday, February 20, 2022

External Hard Disk လေးတွေ တပ်တဲ့အခါ Partition ပေါ်ပြီး ဖွင့်မရသူများ / Format ပဲ ရိုက်ခိုင်းနေလျှင်...........

 External Hard Disk လေးတွေ တပ်တဲ့အခါ Partition ပေါ်ပြီး  ဖွင့်မရသူများ / Format ပဲ ရိုက်ခိုင်းနေလျှင်...........

ဒီလို Error တခါတရံကြုံဖူးသူတွေ သိကြမှာပါ၊



 

-အရင်ဆုံး cmd ကို Run as administrator နဲ့ ဖွင့်ပါ။

Wednesday, June 23, 2021

Computer ဟန်းနေရင် ဖြေရှင်းနည်း...... 👨💻🤔🤔

 

Computer ဟန်းနေရင် ဖြေရှင်းနည်း
 

ကွန်ပျူတာဘာကြောင့်ဟန်းရတာလဲ၊ ဘယ်လိုဖြေရှင်းရမလဲ? 👨💻🤔🤔
ကွန်ပျူတာအသုံးပြုသူတိုင်း နေ့တိုင်းကြုံတွေ့ရမယ့် ပြဿနာတစ်ခုက စက်ဟန်းနေခြင်းဖြစ်ပါတယ်။ Temp file, Old files တွေကို ရှင်းလင်းပေးပြီး စက်ကို Restart ချလိုက်ရင် ပြန်ကောင်းသွားတတ်ပေမယ့် တစ်ခါတစ်လေမှာတော့ Not Responding ဖြစ်နေရင်း စက်က Busy ဖြစ် အပြာရောင်အဝိုင်းလေးလည်နေတာ နာရီဝက်၊တစ်နာရီလောက်ထိ ကြာနေတတ်ပါတယ်။ အဲ့လောက်ထိကြာနေတာတောင် စက်က

Tuesday, August 4, 2020

How to clean your computer to run faster / Clean your computer just one click / Using Batch file

ကို့ရဲ့ computer ကို မြန်အောင် စက်ရှင်းနည်းလေးပါ တစ်ဆင့်ထဲနဲ့ အကုန်ရှင်းသွားမှာပါ............


ပြုလုပ်ပုံ နှင့် Video Link


This is download for Video

#IT & Knowledge

Tuesday, July 14, 2020

Disk Defragmenter အသုံးပြုနည်း



Disk Defragmenter အသုံးပြုနည်းဆိုတာ ဘာလဲဆိုတော့ ကျွန်တော်တို့ computer မှာနေစဉ် file , တွေ program တွေကိုဖွင့်လိုက် ပိတ်လိုက် file တွေ ရွေလိုက် Delete ပေးလိုက်စသည့် computer ထဲ့က Hard Disk တွေထဲမှာ နေ့စဉ် လုပ်ဆောင်နေရပါတယ် . . . . ဒီအခါ Hard disk ထဲမှာ file တွေ ပြန့်ကြဲ နေပါတယ် . . . ဒါတွေကို ပြန်စီပေးမယ် ဆိုရင် computer ဟာပိုပြီးတော့ သွက်လက်ကောင်းမွန်လာမှာပါ . . . . . Disk Defragmenter အသုံးပြုနည်း ကို အမြဲတမ်းမဟုတ်တောင် ၁လ ၁ခါလောက်တော့ လုပ်ထားသင့် ပါတယ် . .

#CPU Model တွေ change ကြမယ်....

ကျွန်တော်အခုပြောပြပေးမယ့်အကြောင်းအရာသည်computer second စျေးကွက်ထဲမှာ မသိနားမလည်သူတွေ၊ နည်းပညာအကျွမ်းတ၀င်မရှိလှသူတွေ ဂျင်းမမိစေဖို့အတွက်ရည်ရွယ်တာပါ။ ပိုက်ဆံလေးမရှိမဲ့ ရှိမဲ့ စုပြီး
second လေး၀ယ်ကိုင်ပါတယ်ဆိုမှ ၀ယ်တုန်းကကြည့်လိုက်တာကတော့ i5 ပဲ..ပြီးကျမှ Pentium ကိုဂျင်းထည့်လွှတ်လိုက်မှန်းသိရတယ်ဖြစ်မှာစိုးလို့ပါ။
BIOS ထဲကိုပဲ၀င်စစ်ဖို့သတိပေးလိုက်ပါတယ်။၀င်စစ်တဲ့နည်းလေးတော့

Wednesday, April 24, 2019

ကွန်ပျူတာဆိုင်ရာအတိုကောက်စကားလုံးများ၏ အဓိပ္ပာယ်များ

 ကွန်ပျူတာဆိုင်ရာအတိုကောက်စကားလုံးများ၏ အဓိပ္ပာယ်များ 👨💻
အောက်ဖော်ပြပါစကားလုံးအတိုကောက်
အဓိပ္ပာယ်များသည် ကွန်ပျူတာသိပ္ပံပညာရှင်များ စံတစ်ခုအဖြစ် လက်ခံကျင့်သုံး သတ်မှတ်ထားကြသော ကွန်ပျူတာဆိုင်ရာ အတိုကောက်များ၏
အဓိပ္ပာယ်စကားလုံးများဖြစ်ကြပါသည်။

• PC – PERSONAL COMPUTER ( တစ်ကိုယ်ရေသုံးကွန်ပျူတာ)
• COMPUTER – Commonly Operating Machine Particularly Used for Technology Entertainment and Research ( နည်းပညာဆိုင်ရာ ဖျော်ဖြေရေးများနှင့် ရှာဖွေမှုများအတွက် အသုံးပြုသော လုပ်ဆောင်မှု
ပိုင်းဆိုင်ရာ စက်တစ်လုံးဖြစ်ပါတယ်။)
• WINDOWS – Wide Interactive Network for Development of Office Work Solution
( ရုံးလုပ်ငန်းပိုင်းဆိုင်ရာ ဖြေရှင်းချက်များ ဖွံ ့ဖြိုး
တိုးတက်မှုများအတွက် ကျယ်ပြန့်စွာ အပြန်အလှန်အကျိုးသက်ရောက်မှုများ
ဖြစ်စေနိုင်သော ချိတ်ဆက်မှုကွန်ရက်တစ်ခုဖြစ်ပါတယ်။)
Computer Language Related Terms:
• HTML – Hyper Text Markup Language
• Ajax–Asynchronous Javascript And Xml
• Oracle–Oak Ridge Automatic Computer And Logical Engine
• RDMS–Relational Database Management System
• SQL–Structured Query Language
• XML–Extensible Markup Language
• Perl–Practical Extraction And Report Language
• PHP–Hypertext Preprocessor
• ASP–Active Server Pages
• API–Application Programming Interfaces
• XHTML–Extensible Hypertext Markup Language
• CSS–Cascading Style Sheets
• ASCII–American Standard Code For Information Interchange
• XSL- Extensible Style Sheet Language
• J2EE- Java 2 Platform Enterprise Edition
• JSP- Java Server Page
• VBS – Visual Basic Scripting Language
• JS – Java Script
Computer Media Related Terms:
• 3GP – 3rd Generation Protocol
• 3GPP – 3rd Generation Partnership Project
• AAC – Advanced Audio Codec
• AC3 – Dolby Digital Sound File
• AIFF – Audio Interchange File Format
• AMR – Adoptive Multi Rate
• AWB – Adoptive Multi Rate Wideband
• AVI – Audio Video Interleaved
• CDA – Compact Disk Audio
• DLL – Dynamik Link Library
• DVD – Digital Video Disk
• EXE – Executable Format
• FLAC – Free Lossless Audio Codec
• FLV – Flash Live Video
• JPEG – Joint Photographic Expert Group
• BMP – Bitmap
• GIF – Graphics Interchange Format
• JAD – Java Application Development
• JAR – Java Archive
• MIDI – Musical Instrument Digital Interface
• MMF – Music Mobile Format
• MP2 – Mpeg Audio Layer 2
• MP3 – Mpeg Audio Layer 3
• MP4 – Mpeg Layer 4
• MPEG – Motion Picture Experts Group
• PDF – Portable Document Format
• PNG – Portable Network/New Graphics
• RM – Real Media
• SIS – Symbian Installation Source
• SWF- Shock Wave Flash
• ZIP – Zone Improvement Plan
• VCD – Video Compact Disk
• VOB – Video Object
• WAV – Waveform PCM Audio
• WMA – Windows Media Audio
• PDF – Portable Document Format
• M3G – Mobile 3D Graphics
• M4A – MPEG-4 Audio File
• MMF – Synthetic Music Mobile Application File
• XMF – Extensible Music File
• WBMP – Wireless Bitmap Image
• DVX – DIVX Video
• WML – Wireless Markup Language
• CD – Compact Disk.
• DVD – Digital Versatile Disk.
• CRT – Cathode Ray Tube.
• DAT – Digital Audio Tape.
• DOS – Disk Operating System.
• GUI – Graphical User Interface.
Internet Related Terms:
• HTTP – Hyper Text Transfer Protocol.
• HTTPS – Hyper Text Transfer Protocol Secure.
• IP – Internet Protocol.
• ISP – Internet Service Provider.
• TCP – Transmission Control Protocol.
• UPS – Uninterruptible Power Supply.
• VHF – Very High Frequency.
• UHF – Ultra High Frequency.
• ALU- Arithmetic Logic Unit
• URL – Uniform Resource Locator.
• AMD – Advance Micro Device
• ASPI – Advance SCSI Programming Interface
• ASIC – Application Specific Integrated Circuit
• EPROM – Erasable Programmable Read Only Memory.
• FPS – Frame Per Second
• USB – Universal Serial Bus.
• VIRUS – Vital Information Resource Under Seized.
• RAM–Random Access Memory
• ROM–Read Only Memory
• MIME–Multipurpose Internet Mail Extensions
• SMTP–Simple Mail Transfer Protocol
• IMAP–Internet Message Access Protocol
• HSDPA – High Speed Downlink Packet Access.
• EDGE – Enhanced Data Rate for GSM Evolution.
• GPRS – General Packet Radio Service.
• 3G – 3rd Generation.
• GSM – Global System For Mobile Communication.
• CDMA – Code Division Multiple Access.
• UMTS – Universal Mobile Telecommunication System.
• ARPANET – Advanced Research Project Agency Network.
• AM/FM – Amplitude/ Frequency Modulation.
• WLAN – Wireless Local Area Network
• CPU – Central Processing Unit
• RAM – Random Access Memory
• ROM – Read Only Memory
• PROM – Programmable Read Only Memory
• HDD – Hard Disk Drive
• FDD – Floppy Disk Drive
• KBD – Keyboard
• I/O – Input & Output
• CD – Compact Disk
• DVD – Digital Video Disk
• SMPS – Switch Mode Power Supply
• POST – Power On Self Test
• BIOS – Basic Input Output System
• VDU – Visible Display Unit
• LED – Light Embedded Diode
• LCD – Liquid Crystal Display
• USB – Universal Serial Bus
• VGA – Video/Visual Graphic Adapter
• LAN – Local Area Network
• WAN – Wide Area Network
• MAN – Metropolitan Area Network
• HLL – High Level Language
• LLL – Low Level Language
• MIPS – Millions Of Instruction Per Second
• Mbps – Mega Bytes Per Second
• Kbps – Kilo Bytes Per Second
• CMD – Command
• KB – Kilobyte
• MB – Mega Byte
• GB – Giga Byte
• GIB – Gibi Byte
• TB – Tera Byte
• TIB – Tebi Byte
• PB – Peta Byte
• PIB – Pebi Byte
• EB – Exa Byte
• EIB – Exbi Byte
• ZB – Zetta Byte
• ZIB – Zebi Byte
• YB – Yotta Byte
• YIB – Yobi Byte
• LCD – Liquid Crystal Display
• LED – Light-Emitting Diode
• NTFS – New Technology File System
• FAT – File Allocation Table
• DOC – Document
• TXT – Text
• SD – Secure Digital
• USB – Universal Serial Bus
• IT – Information Technology
• NET – Internet
• IP – Internet Protocol
• AP – Access Point
• DNS – Domain Name System
• HTTP – Hypertext Transfer Protocol
• HTTPS – Hypertext Transfer Protocol Secure
• HTML – Hypertext Markup Language
• PHP – Hypertext Preprocessor
• XML – Extensible Markup Language
• CSS – Cascading Style Sheets
• ASP – Active Server Pages
• SQL – Structured Query Language
• RSS – Really Simple Syndication
• DMCA – Digital Millennium Copyright Act
• IPV4 – Internet Protocol Version 4
• IPV6 – Internet Protocol Version 6
• VOIP – Voice Over Internet Protocol
• FAQ – Frequently Asked Questions
• SEO – Search Engine Optimization
• 1024 Bytes – 1 Kilo Byte ( Kb )
• 1024 Kb – 1 Mega Byte ( Mb )
• 1024 Mb – 1 Gyga Byte ( Gb )
• 1024 Gb – 1 Tera Byte ( Tb )
• 1024 Tb – 1 Peta Byte ( Pb )
• 1024 Pb – 1 Exa Byte ( Eb )
• 1024 Eb – 1 Zetta Byte ( Zb )
• 1024 Zb – 1 Yotta Byte ( Yb )

#Crd
Windows 10 Myanmar

Computer Partitions ကို လိုတိုး ပိုလျော့ပြုလုပ်နည်း

 သူများပိုင်းပေးထားတဲ့ Partitions ကို လိုတိုး ပိုလျှော့ပြုလုပ်နည်းကျွန်တော်တို့ရဲ့ Computer ကို တစ်စုံတစ်ယောက်က
တင်ပေးထားတယ်ဆိုပါစို့။ တင်ပေးတဲ့ သူက Windows တင်မည့် အပိုင်းကို ပုံမှန် အရွယ်အစားထက် ပိုပြီးတော့ နေရာပို ပိုင်းခဲ့ .......
တာကို ခဏခဏ တွေ့ရပါတယ်။ ဒါကြောင့် ဒီ Post လေးကို တင်ပေးလိုက်တာဖြစ်ပါတယ်။လုပ် နည်းက GUI နဲ့ လုပ်ရာမှာမို့ မခက်ပါဘူး။ Third Party Tool တစ်ခုဖြစ်တဲ့ EaseUS Partitions Master ကို အသုံးပြုပြသွားမှာဖြစ်ပါတယ်။ အောက်မှာပေးထား တဲ့ link ကနေ EaseUS Partition Master ကိုဒေါင်းပြီး Install လုပ်လိုက်ပါ။Desktop ပေါ်မှာရှိတဲ့ EaseUS Partition Master ကိုဖွင့်လိုက်ပါ။ နံပါတ်တစ် ပုံမှာ တွေ့ရတဲ့ အတိုင်းပဲ ကျွန်တော်ရဲ့ Partition D: က နေရာလွတ် 1.81 GB ပဲကျန်တော့လို့ နီနေတာကိုတွေ့ရမှာပါ။ ပုံနှစ် အတိုင်း Desktop ပေါ်မှာရှိတဲ့ EaseUS Partition Master ကို ဖွင့်လိုက်ပါတယ်။ ပုံ နံပါတ် သုံး အတိုင်းပေါ်လာတဲ့ အခါမှာ Partition C: ကပိုနေတဲ့ အပိုင်းတွေကို ရွှေ့မှာဖြစ်လို့ C: ကို Select လုပ်လိုက်ပါတယ်။ ပြီးရင်တော့ Partition C: ရဲ့ အဆုံးသတ်နားကို Mouse Pointer ချလိုက်တာနဲ့ ပုံနံပါတ်လေး အတိုင်း Pointer ပြောင်းသွား မှာဖြစ်ပါတယ်။ ဘယ်ဘက်ကို မိမိလိုချင်တဲ့ ပမာဏ ရအောင် Drag ဆွဲလိုက်ပါ။ ပုံနံပါတ် ငါး အတိုင်း C: ထဲမှ Claster တွေကို ပိုင်းနေတာတွေ့ရပါလိမ့် မယ်။ ပြီးသွားရင်တော့ ပုံနံပါတ် ခြောက် အတိုင် Unallocated ဖြစ်နေတဲ့ အပိုင်းကို တွေ့ရပါလိမ့်မယ်။ အဲဒီ အပိုင်းကို Partition D: အပိုင်းထဲကို ထည့် မှာဖြစ်တဲ့ အတွက် ပုံနံပါတ် ခုနှစ် အတိုင် Partition D: ကို Select လုပ်ပြီး Partition D: ရဲ့ ရှေ့က အစွန်းကို Partition C: တုန်းကလိုပဲ Drag ဆွဲလိုက်ပါ။ ဒီတစ်ခါတော့ Unallocate ဖြစ်နေတဲ့ အပိုင်းဘက်ကို ဆွဲပေးရမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ ပုံနံပါတ် ရှစ် အတိုင်း ပြုလုပ်သွားမှာဖြစ်ပါတယ်။ အားလုံးပြီးသွားရင်တော့ ပုံနံပါတ် ကိုးမှာပြထားတဲ့ အတိုင်း Apply ကိုနှိပ်ပေးရမှာဖြစ်ပါတယ်။ပုံနံပါတ် ၁၀ အတိုင်း Operation နှစ်ခု ပြုလုပ်ရပါမယ် လို့ပြောပြပါတယ်။ Yes ကိုရွေးလိုက်ပါ။ပြီးရင်တော့ ပုံနံပါတ် တစ်ဆယ့်တစ် အတိုင်း မေးပါလိမ့်မယ် Yes ကိုပဲ ထပ်မံ နှိပ်ပေးလိုက်ပါ။ အပေါ်မှာပြုလုပ်ခဲ့တဲ့ Drag and Drop လုပ်ငန်းစဉ်တွေက ယာယီ သတ်မှတ်ထားတာပဲဖြစ်ပါသေးတယ်ဗျ။ Windows Run နေတုန်းမှာ ဒီလို Partition ကို အပြောင်းအရွှေ့ လုပ်လို့မရပါဘူး။ ပုံနံပါတ် တစ်ဆယ်တစ် က Yes ကိုနှိပ်လိုက်တာနဲ့ မိမိစက်ကို Restart ချသွားမှာဖြစ်ပါတယ်။ Computer Post လုပ်လို့ပြီးသွားရင်တော့ ပုံနံပါတ် ၁၂ မှ ၁၅ အထိ ဘာ key ကိုမှ နှိပ်စရာမလိုတော့ပါဘူး။ သူဟာသူ ပြုလုပ်သွားမှာဖြစ်ပါတယ်။ မိမိ ပိုင်းထားခဲ့ တဲ့ ပမာဏ အနည်းအများပေါ်မူတည်ပြီး အချိန်ကြာသွားမှာဖြစ်ပါတယ်။ စိတ်ရှည်ရှည်နဲ့ စောင့်ပေးဖို့လိုပါတယ်။ အထူးသတိထားရမှာက ဒီအဆင်မှာ Partition တွေကို Batch အနေနဲ့ ရွှေ့ပေးနေတာဖြစ်လို့ Computer ကိုပိတ်မပစ်လိုက်ပါနဲ့ မိမိရှိထားတဲ့ Data တွေ ဆုံးရှုံးရုံ သာမက HDD ပါ ပျက်စီးနိုင်ပါတယ်။ ဒါကြောင့် စိတ်ရှည်ရှည်နဲ့ စောင့်ပေးပါ။ ကျွန်တော် 15 GB ပိုင်းတုန်းက 6 မိနစ်ခန့်စောင့်ပေးလိုက်ရပါတယ်။ Clasters တွေ့ ရွှေ့လို့ ပြီးသွားတဲ့ အခါ တော့ Auto Restart ချပေးသွားမှာပါ။ ဘာ Key ကိုမှ နှိပ်ပေးစရာမလိုပါဘူးဗျ။ အားလုံးပြီးသွားရင်တော့ အောက်ဆုံးက ပုံအတိုင်း ကျွန်တော့်ရဲ့ အစောက 1.81 GB ပဲ ကျန်တော့လို့ နီနေတဲ့ Partition D: ဟာ အခုဆိုရင် 15 GB နေရာလွတ်ကျန်သွားလို့ ပုံမှန် အရောင်အတိုင်း ပြန်ဖြစ်သွားတာကိုတွေ့ရမှာပါ။ မိမိထည့်သွင်းလို့တဲ့ Data တွေကို စိတ်ကြိုက်ထည့်သွင်းနိုင်ပြီ ဖြစ်ပါတယ်။ မိမိ Hard Disk ကို စိတ်ကြိုက် ပြန်ပြီး တော့ Partition ပိုင်းနိုင်ကြပါစေ။













#Crd: - Info tech
✔သင့်မိတ်ဆွေသူငယ်ချင်းများအတွက် ရှဲပေးလိုက်ပါဦး၊အားလုံး အဆင်ပြေကြပါစေ။
နည်းပညာ ( အောင်အောင် လယ်ဝေးသားလေး )

Tuesday, June 5, 2018

For Pc Font !

ဘော်ဒါတစ်ယောက်လှမ်းတောင်းထားလို့ အခြားသောလိုအပ်သူများလည်း အသုံးပြုနိုင်အောင် ကျွန်တော့်မှာရှိတဲ့ Font တွေအားလုံးကိုစုစည်းပြီးတင်ပေးလိုက်ပါတယ်ဗျာ။ အခုတင်ပေးလိုက်တဲ့ Font တွေကိုဒေါင်းယူထားစေချင်ပါတယ်ဗျာ။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်စုဆောင်းထားတာ ကျွန်တော်သိ လို့ပါဘဲဗျာ။ အခြားလူတော်တော်များများမှာမရှိတဲ့ Font တော်တော်များများ ဒီထဲမှာပါဝင်ပါတယ်။ အဓိက စုစည်းထားတာကတော့ ဝင်းမြန်မာစာစနစ်အပြင်အခြားသော မြန်မာဖောင့်တွေတော်တော်များများကိုပါဝင် ပါတယ်။ ရန်ကုန်မှာတော့ ဖောင့်တွေကို ကွန်ပြူတာ Software တွေရောင်းတဲ့ ဆိုင်တွေမှာယူနိုင်ပေ မယ့် ဖောင့်တွေကို ဝယ်မရတဲ့နေရာဒေသမှ သူငယ်ချင်းများအားလုံး အဆင်ပြေနိုင်ကြပါစေဗျာ
http://www.englishformyanmar.com/2018/02/myanmar-zawgyi-font-and-myanmar.html
#Crd: - အေးကျော်
✔သင့်မိတ်ဆွေသူငယ်ချင်းများအတွက် ရှဲပေးလိုက်ပါဦး၊
နည်းပညာ(အောင်အောင် လယ်ဝေးသားလေး)

Thursday, October 1, 2015

နည်းပညာလေ့လာသူများ သတိထားရမယ့် pdf virus အန္တရာယ် ( Virus ကာကွယ်နည်း )

ကျွန်တော်က နည်းပညာပိုင်းကို တော်တော်လေး အားသန်တဲ့အလျောက် နည်းပညာဆိုဒ်တွေကနေ ဆော့ဝဲလေးတွေရလာတဲ့အခါ စမ်းသုံးကြည့်တယ်
အဆင်လည်းပြေ အသုံးလည်းဝင် Virus အန္တရယ်လည်းကင်းတယ်ဆိုတာသေချာရင် တခြားသူတွေရောသုံးဖို့ ကျွန်တော့်ဘလော့မှာ ပြန်တင်ပြီး
Share လုပ်ပေးပါတယ်နည်းပညာပိုင်းတွေထဲမှာ Programming Language အချို့နဲ့ ဆော့ဝဲ Cracking အပိုင်း HTML Template အပိုင်းတွေကို အလေးပြုပြီး လေ့လာပါတယ်
အဲဒီလို ကျွန်တော့်လေ့လာတဲ့အပိုင်းနဲ့ပတ်သက်တဲ့ ebook တွေကိုလည်း ကြုံရင်ကြုံသလို
Download ယူပြီး Offline လေ့လာပါတယ်
အဲ .. တစ်နေ့တော့ C++ စာအုပ်လေးတစ်အုပ် တွေ့တာနဲ့ Download ယူထားလိုက်ပါတယ်
အဲဒီစာအုပ်ကို ဖွင့်ဖတ်လိုက်တဲ့အခါမှာ ထူးထူးခြားခြား Message Box လေးပွင့်လာပါတယ်
Pdf ဖိုင်ကို အခုလို Message Box လေးနဲ့အတူ တွဲပွင့်လာတာကို အဲဒီတော့မှ ကြုံဖူးတာပါ
အဲဒီမှာပဲ နည်းပညာပိုင်းရူးသွပ်တဲ့ ကျွန်တော့်ရဲ့ဝမ်းတွင်းရူးစိတ်ကြောင့် အဲဒီစာအုပ်ကို သေသေချာချာ
လေ့လာကြည့်ဖြစ်ပါတယ်

အဲ ... အဲဒီစာအုပ်ကို သုံးကြိမ်မြောက်ဖွင့်ဖတ်တဲ့အချိန်မှာပဲ ဝင်းဒိုးဟာ Restart ဆိုပြီး ကျသွားလိုက်တာ
ပြန်တက်မလာတော့ပါဘူး ..
ဒါနဲ့ နည်းလမ်းမျိုးစုံသုံးပြီး ဝင်းဒိုးကို ပြုပြင်ကြည့်ပါတယ်
နောက်ဆုံး Recovery Image သုံးပြီး ဝင်းဒိုးကို Repaire လုပ်ဖို့ကြိုးစားတာတောင်မှ ဝင်းဒိုးက ပြန်တက်မလာနိုင်တော့လို့ ဝင်းဒိုးအသစ်ပြန်တင်လိုက်ရပါတယ်

ဇာတ်လမ်းက ဒီမှာတင်မပြီးသေးပါဘူး ..
အဲဒီအသစ်တင်လိုက်တဲ့ ဝင်းဒိုးကလည်း တစ်ခေါက်ပဲ ဖွင့်သုံးလိုက်ရသေးတယ် နာရီဝက်လောက်အကြာမှာ Restart ဆိုပြီး ပိတ်သွားလိုက်တာ ပထမတစ်ကြိမ်လိုပဲ ပြန်မပွင့်ခဲ့တော့ပါဘူး ..
ဒါနဲ့ ကျွန်တော်က Hard disk ကြီးတစ်ခုလုံးကို format ရိုက်ပြီး Clean Install နည်းနဲ့ ဝင်းဒိုးအသစ်ကို ပြန်တင်လိုက်မှ ဝင်းဒိုးဟာ အရင်လိုပဲ အဆင်ပြေပြေနဲ့ ပြန်သုံးလို့ရသွားပါတယ်

ဒါနဲ့ ကျွန်တော်လည်း အဲဒီ ebook ကို အွန်လိုင်းကနေ ပြန်ဒေါင်းယူပါတယ်
ပြီးတော့ ဝင်းဒိုးကို Defreeze အရင်အုပ်ပါတယ်
ပြီးတော့ အဲဒီ ebook ကို ဖွင့်ဖတ်ပါတယ် ..
အရင်လိုပါပဲ .. Message Box လေးတက်လာပြီး Restart ကျသွားပါတယ်
Defreeze အုပ်ထားတာဖြစ်တဲ့အတွက် မူလအခြေအနေမပျက် ဝင်းဒိုးပြန်တက်လာနိုင်ပါတယ်
ဒါနဲ့ ကျွန်တော်က အဲဒီ ebook ကို Antivirus နဲ့ Scan လုပ်ကြည့်ပါတယ် ဗိုင်းရပ်မတွေ့ပါဘူး
Online Virus Scan တွေနဲ့ပါ ထပ်စစ်ပါတယ် .. ဗိုင်းရပ်မတွေ့ပါဘူး ..
ဒါနဲ့ အဲဒီ ebook ကို Resource Hacker ဆိုတဲ့ဆော့ဝဲနဲ့ဖွင့်ပြီး Coding တွေကို လိုက်စစ်လိုက်တဲ့အခါမှာတော့ သာမန် Data တွေကြားထဲမှာ Javascript ကုဒ်တွေကို တွေ့လိုက်ရပါတယ်

အဲဒီကုဒ်တွေကို သေချာလေ့လာကြည့်တော့မှ File format တူရာအချင်းချင်းဆီကို ကူးစက်အောင် Command ပေးထားတဲ့ ဗိုင်းရပ်ကုဒ်တွေဖြစ်နေတာကို တွေ့ရပါတယ်

ဒါကြောင့်လည်း ပထမတစ်ကြိမ်ဝင်းဒိုးတင်တုန်းက တခြား Partition တွေထဲမှာရှိတဲ့ ebook တွေဆီကို ဗိုင်းရပ်ကုဒ်တွေ ကူးစက်နေလို့ အဆင်မပြေခဲ့တာဖြစ်ပြီ Hard disk ကို Format ရိုက်ပြီးတင်လိုက်တဲ့ ဝင်းဒိုးကျမှ အဆင်ပြေသွားခဲ့တာဖြစ်ပါတယ်

ဒါနဲ့ ကျွန်တော်လည်း Google မှာ pdf virus ဆိုပြီး ရိုက်ရှာလိုက် ... အလိုလေး .. pdf ဗိုင်းရပ်ဟာ ကမ္ဘာနဲ့အဝှမ်း တော်တော်လေးပြန့်ပွားနေတဲ့ ကြောက်စရာဗိုင်းရပ်မျိုးဖြစ်ကြောင်း သိလာရပါတယ်

pdf ဗိုင်းရပ်ဟာ exe ဖိုင်မျိုးမဟုတ်လို့ Antivirus ဆော့ဝဲတွေရဲ့ စစ်ဆေးမှုကနေ လွတ်မြောက်နိုင်ပါတယ်

ကျွန်တော့်ကို အ တယ်လို့ပဲဆိုဆို pdf virus ရှိတယ်ဆိုတာကို အရင်ကတစ်ကယ် မသိခဲ့ပါဘူး ..
အခုသိလိုက်ရတဲ့အချိန်မှာ ချဲ့ထွင်စဉ်းစားကြည့်လိုက်တော့ pdf ဖိုင်ထဲမှာ Injection လုပ်မယ့် Java Script ကုဒ်တွေထဲမှာ keylogger လို အကောင့်တွေခိုးနိုင်တဲ့
ကုဒ်လိုမျိုးတွေများ Injection လုပ်လာခဲ့မယ်ဆိုရင် ......ဆိုတဲ့အတွေးနဲ့
 တော်တော်လေးတုန်လှုပ်သွားမိပြီး ကျွန်တော့်အကောင့်အားလုံးကိုတောင် Password တွေ
အမြန်လိုက် Change လိုက်မိတဲ့အထိပါပဲ

ကဲ .. ဒါနဲ့ .. အဲဒီ pdf ဗိုင်းရပ်ရန်ကနေ ကာကွယ်နိုင်မယ့်နည်းလမ်းကို ရှာလိုက်ဖွေလိုက် ကလိလိုက်နဲ့ အခုတော့ အဆင်ပြေတဲ့နည်းပညာလေးတစ်ခုကို တွေ့ပြီမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ် ..
ကျွန်တော်တို့ဟာ pdf ဖိုင်တွေကို ဖွင့်ကြည့်ဖို့ Adobe Reader ... Adobe Acrobat တို့လို ဆော့ဝဲမျိုးတွေကို သုံးလေ့ရှိပါတယ်
ဘယ်ဆော့ဝဲကိုပဲ သုံးသုံး အဲဒီ ပရိုဂရမ်ကိုဖွင့်လိုက်ပါ
 ပြီးရင် Edit ကနေ Prefrence ကိုနှိပ်ပါ
ပွင့်လာတဲ့ထဲက Java Script ကိုနှိပ်ပြီး ညာဖက်ကပွင့်လာတဲ့ထဲမှာရှိတဲ့ Enable Java Script ရဲ့ရှေ့က အမှန်ခြစ်လေးကို ကလစ်ပေးပြီး ဖြုတ်ပစ်လိုက်ပါ
  ပြီးရင် Ok ကိုနှိပ်ပေးလိုက်ပါ ..
ဒါဆိုရင် pdf ဗိုင်းရပ်ကို လုံးဝကာကွယ်ထားနိုင်ပြီဖြစ်ပါတယ်
အခုလိုကာုကွယ်ထားပြီးပြီဆိုရင် Online က ရလာတဲ့ pdf ဖိုင်တွေထဲမှာ ဗိုင်းရပ်ကုဒ်ကို Injection လုပ်ထားတဲ့ pdf virus များပါလာရင် အဲဒီ pdf ဖိုင်ကိုဖွင့်လိုက်တဲ့အခါ အောက်ကပုံအတိုင်း java script ကို ပိတ်ထားတဲ့အတွက် အဆင်မပြေကြောင်း Message လေးပါ ကပ်ပွင့်လာပါလိမ့်မယ်
 

Thursday, September 10, 2015

Mavis Beacon Teaches Typing Platinum 20 (96.81MB)

မင်္ဂလာပါခင်ဗျာ ကျွန်တော်ဒီတစ်ခါတင်ပေးမှာကတော့ သူငယ်ချင်းတို့ကွန်ပျူတာနှိပ်ရင် လက်ကွက်ရိုက်တာနှေးနေသလား စိတ်မပူပါနဲ့ ဒီဆော့ဝဲလေးနဲ့သာ လက်ကွက်ရိုက်လေ့ကျင့်လိုက်ပါ လက်ကွက်ဆရာကြီးအဆင့်ကိုရောက်သွားနိုင်ပါတယ် သူငယ်ချင်းတို့လည်းလက်ကွက်လေ့ကျင့်ချင်တယ်ဆိုရင်တော့အောက်မှာဒေါင်းယူသွားနိုင်ပါတယ်...

#🅰dobe Photoshop 2023 အခြေခံမှအဆင့်မြင့်အထိအပြည့်အစုံ Exercise Files များ

  ..ယနေ့ (19/4/2023) အသစ်ထွက်... သင်ခန်းစာ Tutorial များအခကြေးငွေဖြင့်ရောင်းချသော... နာမည်ကျော် Lynda (LinkedIn Learning) ဝဘ်ဆိုက်မှ... #Ado...