Thursday, September 10, 2015

ကွန်ပျူ တာအတွက် အကောင်းဆုံး Driver Pack Solution 14 15.2 Full Version




Driver Pack Solution 14 15.2 Full Version
မင်္ဂလာပါ
ကျနော် ဒီဆော့ဝဲလေးကို တင်ပေးနေခဲ့ချင်တာကြပါပြီ အကြောင်းအမျိုးမျိုးကြောင့်
မတင်ပေးဖြစ်ပါဘူး၊ တစ်ခြား နည်းပညာတွေကိုပဲ တင်ပေးဖြစ်နေတယ်။

ဒီနေ့တော့ ကွန်ပျူ တာကို ကိုင်ဆောင်ထားကြတဲ့ ညီအကိုတွေနဲ့
ဝင်းဒိုးတင် ၀င်းဒိုးချ စသည်ဖြင့် Service သမားအများစု ဆောင်ထားကြရတဲ့
 ကွန်ပျူ တာအတွက် လိုအပ်တဲ့ Driver ဆော့ဝဲတွေထဲမှာတော့ တကယ်ပြီးပြည့်စုံတဲ့
စပါယ်ရှယ်ဆောဝဲကောင်းဖြစ်ပါတယ်ခင်ဗျား။

ကျနော်ဆို ဒီကောင်လေးကိုပဲ ဆောင်ထားတယ် အမြဲလိုလို ၀င်းဒိုးလာလာ
တင်နေကြတာဆိုတော့ ၀င်းဒိုးတစ်ခုကို Installation လုပ်ပြီးပြီဆိုတာနဲ့ ဘာဆော့ဝဲမှာ
 အင်စတောမလုပ်မှီ ဒီဆော့ဝဲကို အရင်ဦးဆုံး Installation လုပ်လိုက်တယ်
ကွန်ပျူ တာမှာ လိုအပ်နေတဲ့ Driver အားလုံးကို သူ့အလိုလို အင်စတောလုပ်ယူသွားပါတယ်။

အဖြစ်များတဲ့ ကွန်ပျူ တာနဲ့ အသံပိုင်းဆိုင် ပြီးတော့ ကွန်ပျူ တာနဲ့အင်တာနက်ပိုင်း
Adapter တွေကို အကောင်းဆုံးဖြေရှင်းပေးနိုင်တဲ့ဆော့ဝဲကြီးပါ၊ အခုနောက်ပိုင်း သတိထားမိတာလေးတစ်ခုကတော့ Windows 8,8.1 တွေမှာ ၀င်းဒိုးအသစ်တင်ပြီးပြီဆိုရင်
Activate ဖြစ်ပြီးသား ဗားရှင်းကို တင်တာပါပဲ ဒါပေမယ့် Display နေရမှာ
ကွန်ပျူ တာကို Resolution ပြသနာကိုရှင်းဖို့ အရင်လို မပေါ်တော့ပဲ ဖြစ်နေတတ်ပါတယ်။

   အဲလိုမျိုးဖြစ်နေတော့ Windows များ Activate ပဲမဖြစ်ဘူးလားပဲထင်နေတာ
နောက်တော့ ဒီ Driver Pack Solution 14 ကိုအင်စတောလုပ်ကြည့်တော့မှ
အဆင်ပြေသွားတော့တယ်၊ ပြီးတော့ ကွန်ပျူ တာမှာ ၀င်းဒိုးအင်စတောလုပ်စတုန်းကတော့
အသံပိုင်းက ကျယ်လောင်ပြီး တအားမြည်တယ် ကြာလာတော့အသံကတအားတိုး
တိုးလာတယ်၊ ဘာဖြစ်တယ်မှန်းမသိဖူး၊ မောက်စ်လည်း အလုပ်လုပ်ရတဲ့အဆင်မပြေဘူး
စသည်ဖြင့် ကွန်ပျူ တာအတွက် အဓိကအရေးတကြီးလိုအပ်နေတဲ့ Drivers များအားလုံးကို
အချိန်အတိုအတွင်းမှာ ဖြေရှင်းပေးနိုင်တဲ့ တစ်ခုတည်းသော ဆော့ဝဲကြီးဖြစ်ပါတယ်။

ကျနော်အခုတင်ပေးလိုက်တဲ့ Driver Pack Solution 14 ကိုတော့
လက်ရှိကျနော်အသုံးပြု နေတဲ့ အခွေကို ကူးပြီး Zip ဖိုင်အဖြစ်တင်ပေး
လိုက်တာဖြစ်ပါတယ်၊ ဖိုင်ဆိုဒ်ကတော့ နည်းနည်းကြီးပါတယ်။

အသုံးပြု ရတာလည်းအရမ်းလွယ်ကူပြီး ကွန်ပျူ တာကိုကိုင်ဆောင်ထားတဲ့
သူတိုင်း Service သမားတိုင်း အများကိုကူညီပြီး အမြဲတစေ ၀င်းဒိုးတင်ပေး
နေကြရတဲ့ ညီအကိုများကတော့ အောက်ကလင့်မှာ မဖြစ် ဖြစ်အောင်
ဒေါင်းလော့ ရယူထားဖိုကိုလည်း အထူး တိုက်တွန်းပြောကြားလိုပါတယ်ခင်ဗျား
IDM ကြီးသာအင်စတောလုပ်ထားပြီးသားရှိရင်တော့ သင့်အတွက်
ဒီဆော့ဝဲကို ဒေါင်းလော့ရယူဖို့အတွက် အဆင်ပြေသွားပါပြီ
အောက်ကလင့်မှာ စိတ်ရှည်ရှည်နဲ့ ဒေါင်းလော့ရယူနိုင်ပါပြီ ။



Driver Pack Solution 14 15.2 Full Version  Download
အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်
အားလုံးကို ခင်မင်လေးစားလျှက် ။
ဇူးနစ် မှကောက်နုတ်တင်ပြလိုက်ပါတယ်။



No comments:

Post a Comment

#🅰dobe Photoshop 2023 အခြေခံမှအဆင့်မြင့်အထိအပြည့်အစုံ Exercise Files များ

  ..ယနေ့ (19/4/2023) အသစ်ထွက်... သင်ခန်းစာ Tutorial များအခကြေးငွေဖြင့်ရောင်းချသော... နာမည်ကျော် Lynda (LinkedIn Learning) ဝဘ်ဆိုက်မှ... #Ado...