Monday, January 9, 2017

ဘာဆော့ဝဲလ်မှမလို မိမိကွန်ပျူတာမှာ အင်တာနက်မြန်အောင် လုပ်နည်း


ဘာဆော့ဝဲလ်မှ သုံးဖို ့မလိုတဲ့ Hack နည်းလေးတွေ ပေးမယ် Hack ဆိုလို ့ မကောင်းဆိုးဝါးတွေ မကောင်းတဲ့နည်းတွေလို ့ပြေးမမြင်လိုက်နဲ ့နော်.... Hack ဆိုတာနဲ ့တချို ့က မကောင်းဆိုးဝါးလိုမြင်တတ်ကြတယ် Hacker တွေမှာ Black Hack,White Hack and Gray ဆိုပြီးရှိတယ် အခုချပြမှာက White Hack ထဲမှာ အကျုံးဝင်တဲ့ဟာတွေပါ Hacking အကြောင်း Hacker အကြောင်းဦးတည်တဲ့ ပို စ့်မဟုတ်တဲ့အတွက် Hacking and Hacker နဲ ့ပတ်သက်ပြီး တချို ့အထင်အမြင်မှား နေတတ်တာကို ဒီမှာထည့်ရေးမရှင်းတော့ပါဘူး နောက်မှ သီးခြားတင်ပြပေးပါတော့မယ် ကဲစလိုက်ရအောင် ပထမပေးချင်တာကတော့....
(1)လိပ်လိုနှေးပေမယ့် နည်းနည်းလေးမြန်အောင် လုပ်ကြည့်ကြစို ့.. ------------------------------+++++++++------------------------
ဒီနည်းလမ်းတွေကတော့ လှည့်စားမှုမဟုတ်ပါဘူး ဒါဟာမည်သည့် ဆော့ဝဲမှမလိုပဲ ရိုးရိုးရှငး်ရှင်း အင်တာနက်အမြန်နှုန်းကို မြင့်တင်ပေမယ့်နည်းလမ်းတွေပါပဲ..ဒီနည်းတွေဟာ windows ပေါ်မှာ အသုံးချဖို ့ဖြစ်ပါတယ်... ကဲစမယ် နည်းလမ်း ၁) Notepad ကိုဖွင့်လိုက်ပါ ပြီးရင် ဒီအောက်က code လေးတွေကို ကူးပါ ကူးပြီးရင် speedup.reg ဆိုတဲ့နာမည်နဲ ့ သိမ်းပြီး Run လိုက်ပါ.. yes or no မေးမယ် Yes လုပ်ပါ OK လုပ်ပါ ပြီးရင် ကွန်ပျူတာကို restart လုပ်ပေးပါခင်ဗျာ.. REGEDIT4 [HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Servic es\Tcpip\Parameters] "SackOpts"=dword:00000001 "TcpWindowSize"=dword:0005ae4c "Tcp1323Opts"=dword:00000003 "DefaultTTL"=dword:00000040 "EnablePMTUBHDetect"=dword:00000000 "EnablePMTUDiscovery"=dword:00000001 "GlobalMaxTcpWindowSize"=dword:0005ae4c -------------------။။။။။။။------------------------------------
နည်းလမ်း ၂) Start Menu> Run > ပြီးရင် gpedit.msc ရိုက်ပါ.. click ok -Local Computer Policy အောက်က Computer Configuration>Administrative Templates>Network>QOS Packet Scheduler> Limit Reservable Bandwidth ထိသွားလိုက်ပါခင်ဗျာ ပြီးရင် Limit Reservable Bandwidth ကိုနှစ်ချက်နှိပ်ပါ.. Enbale ကိုရွေးပါခင်ဗျာ ပီးရင် Bandwidth ကို 20% ကနေ 0% ကိုပြောင်းပါ ကဲ Apply and OK ပေါ့ဗျာ..အဆင်ပြေပါစေ တကယ်မြန်သွားလိမ့်မယ် မသေချာမှာစိုးရင် အထက်ပါအချက်တွေမလုပ်ခင် speed tester နဲ ့အရင်တိုင်းထားပီးမှ လုပ် ပီးရင်ပြန် တိုင်းဗျာ သိသိသာသာတိုးလာမယ်
--------------------------------------------------------------------------------------------------------
(2) မိမိတို ့အသုံးပြုနေတဲ့Moziler Firefox ရဲ ့လပ်ဆောင်နိုင်စွမ်းရည် ကို ၁ဝဆမြှင့်တင်မယ် ဒါဆို ဘာတွေကောင်းလာမလဲ???? Web page တွေကို လျင်လျင်မြန်မြန်ကြည့်နိုင်မယ်.... Tab တွ အသစ်ဖွင့်တဲ့အခါ အများကြီးဖွင့်တဲ့အခါ လေးလံခြင်းမရှိ အသုံးပြုနိုင်မယ် ယခင်ထက်ပို မြန်လာမှာဖြစ်ပါတယ် ဒီနည်းကတော့ Broadband မှာပဲသုံးလို ့ရမယ်နော် dial up connection တွေမှာမရပါဘူးခင်ဗျားကဲစလိုက်ကြစို ့... ကဲ Firefox ကိုဖွင့်လိုက်ပါ website နာမည် (www.google.com ) တို ့ရိုက်တဲ့ address bar လေးမှာ about:config လို ့ရိုက်ပြီး Enter ခေါက်ပါ ခင်ဗျာ
ကဲ ဒါလေးကို copy ကူးပါ network.http.pipelining ကူးပြီးရင် search ဆိုတာရှိမယ် ထပ်မှာအဲဒီမှာ အဲဒါလေးကို paste လုပ်ပြီးEnter ခေါက်ရှာလိုက် ကျလာလိမ့်မယ် အဲဒီမှာ သူ ့ရဲ ့ Value ကို false အနေနဲ ့တွေ ့ရမယ် အဲဒါကို နှစ်ချက်နှိပ်ပီး True အဖြစ်ပြောင်းပါ ကဲပြီးရင် ဒါလေးကိုပါ network.http.proxy.pipelining ကူးပါ ကူးပြီးရင် search ဆိုတာရှိမယ် ထပ်မှာအဲဒီမှာ အဲဒါလေးကို paste လုပ်ပြီးEnter ခေါက်ရှာလိုက် ကျလာလိမ့်မယ် အဲဒီမှာ သူ ့ရဲ ့ Value ကို false အနေနဲ ့တွေ ့ရမယ် အဲဒါကို နှစ်ချက်နှိပ်ပီး True အဖြစ်ပြောင်းပါ။
 ကဲ နောက်ထပ်တစ်ခါ ဒါလေးကိုကူးပါ network.http.pipelining.maxrequests ကူးပြီးရင် search ဆိုတာရှိမယ် ထပ်မှာအဲဒီမှာ အဲဒါလေးကို paste လုပ်ပြီးEnter ခေါက်ရှာလိုက် ကျလာလိမ့်မယ် အဲဒီမှာ သူ ့ရဲ ့ Value ကို နှစ်ချက်နှိပ်ပီး ၃၀ အဖြစ်ပြောင်းလိုက်ပါ ကဲနောက်ဆုံး အဆင့်ပေါ့..
အဲဒီနေရာမှာပဲ နေရာလွတ်တနေရာမှာ Right-Click နှိပ်ပါ >New>Interger ကိုရွေးပါ သူရဲ ့ performance name ကို nglayout.initialpaint.delay လို ့ပေးပါ ok နှိပ်ပါ ပြီးရင် သူ ့ရဲ ့ Value ကိုတော့ 0 (သုည) သတ်မှတ် ပေးလိုက်ပါ ဒီသုညကတော့ browser တွေ အလုပ်လုပ်တဲ့ အခါ စောင့်ရမယ့်အချိန်ကို သုညလို ့သတ်မှတ်လိုက်တော့ မြန်သွားတဲ့ သဘောပါပဲ..... နည်းပညာအသိများ တိုးပွားကြပါစေ....
 





No comments:

Post a Comment

#🅰dobe Photoshop 2023 အခြေခံမှအဆင့်မြင့်အထိအပြည့်အစုံ Exercise Files များ

  ..ယနေ့ (19/4/2023) အသစ်ထွက်... သင်ခန်းစာ Tutorial များအခကြေးငွေဖြင့်ရောင်းချသော... နာမည်ကျော် Lynda (LinkedIn Learning) ဝဘ်ဆိုက်မှ... #Ado...