Monday, January 2, 2017

Format လို့မရသော Memory stick အပျက်တွေ ပြုပြင်နည်း

Format လို့မရသော Memory stick ပြဿနာ တခုကို လိုက်ရှာရင်း ဒီနည်းလေးတခုတွေ့လို့ပြန် ရှယ်ပေးလိုက်တာပါ။ ကျနော်ကိုယ်တိုင်ရေးတာတော့ဟုတ်ဘူးနော်။ ဒီတစ်ခါတော့လူသုံးလည်းများ အပျက် လည်းများ တဲ့ Memory stickတွေအကြောင်းကိုကျနော်သိတာလေးတွေကို ပြန်ပြီး မျျှဝေလိုုက် ပါတယ်။ Memory Stick တွေ လူသုံးများသလိုပဲ အပျက်လည်း များလှပါတယ်။
ကွန်ပျူတာက မသိတော့တာ၊ Format ချခိုင်းတာ၊ ဖိုင်တွေ ထပ်ထည့်လို့မရတော့တာ၊ Capacity အပြည့်မရတော့တာ စသည်ဖြင့် ပြဿနာတွေက စုံလှပါတယ်။ အခုတော့ Format ချခိုင်းတယ်၊ ဒါပေမဲ့ Format ချမရတဲ့ Memory Stick တစ်ချောင်းကို ပြုပြင်နည်းလေးကို ရေးသားပေးလိုက်ပါတယ်။ သဘောတရားကတော့ Format ချခိုင်းတယ်ဆိုတာက တနည်းအားဖြင့် File System မရှိလို့ပါပဲ။
Format ချလည်း မရတာကတော့ Partition Table က Corrupt ဖြစ်လို့ပါ။ အဲဒါကြောင့် Partition Table ဖျက်ပြီး အသစ်ပြန်ဆောက်၊ ပြီးတော့ File System ပြန်သတ်မှတ်လိုက်ရင် ပြန်ကောင်းသွားပါလိမ့်မယ်။ လိုအပ်တဲ့ Software ကတော့ နှစ်ခုတည်းပါ။Test Disk ရယ် Bootice ရယ်ပါ။
ပထမဆုံး Test Disk ကို Run ပါ။ အောက်မှာပြထားသလို ပေါ်လာပါလိမ့်မယ်-

-No Log ကို Keyboard က Arrow Key နဲ့ ရွေးပြီး Enter ခေါက်ပါ။ အဲဒီအခါမှာ Hard Disk နဲ့ Memory Stick ရယ် ပေါ်လာပါလိမ့်မယ်။ Memory Stick ကို ရွေးပါ။ Enter ခေါက်ပါ။ နောက်ထပ် သူက Partition Table type ကို ရွေးခိုင်းပါလိမ့်မယ်။ Intel ကို ရွေးပြီး Enter ခေါက်ပါ။ အဲဒီအခါမှာ [Analyse] [Advanced] [Geometry] စသည်ဖြင့် ရွေးချယ်စရာတွေ ပေါ်လာပါလိမ့်မယ်။ အဲဒီထဲက [Delete] ကို ရွေးပြီး Enter ခေါက်ပါ။ Yes/No မေးရင် Y ကို နှိပ်ပြီး Enter ခေါက်ပါ။ ဒါဆိုရင် Memory Stick ရဲ့ Partition Table ကို ဖျက်ပြီး သွားပါပြီ-
-ဒီထိဆိုရင် TestDisk ရဲ့အပိုင်း ပြီးသွားပါပြီ။ နောက်ထပ် Bootice ကို Run ပါ။ အောက်မှာ ပြထားသလို ပေါ်လာပါလိမ့်မယ်။ Perform Format ကို နှိပ်ပါ။ နောက်တစ်ဆင့် ပေါ်လာ ရင် USB-HDD mode (Single Partition) ကို ရွေးပါ။ Next ကို နှိပ်ပါ။ Dialog box ပေါ်လာရင် OK နှိပ်ပါ။ ဒါဆိုရင် Format စရိုက်ပါလိမ့်မယ်။ ရပါပြီ။ စာဖတ်သူရဲ့Stickအပျက်ကလေး ပြန်ကောင်းသွားပါလိမ့်မယ်။ အသုံးလိုမယ်ဆိုရင်အောက်မှာဒေါင်းနိုင်ပါတယ်-

  အားလုံးအဆင်​​ပြေပါ​စေ။
zMT မှ ကောက်နုတ်တင်ပြလိုက်ပါတယ်။

No comments:

Post a Comment

#🅰dobe Photoshop 2023 အခြေခံမှအဆင့်မြင့်အထိအပြည့်အစုံ Exercise Files များ

  ..ယနေ့ (19/4/2023) အသစ်ထွက်... သင်ခန်းစာ Tutorial များအခကြေးငွေဖြင့်ရောင်းချသော... နာမည်ကျော် Lynda (LinkedIn Learning) ဝဘ်ဆိုက်မှ... #Ado...