Monday, August 6, 2018

မရှိမဖြစ်ဆောင်ထားသင့်တယ် iPhone Applications များ


    သင်ဟာ iPhone တစ်လုံး အသစ်ဝယ်လာခဲ့မယ် သို့မဟုတ် iDevice တစ်လုံးရှိနေပြီး ဘယ်လို Applications မျိုး သုံးရမယ်မန်းမသိဖူးဆိုရင်တော့ သင်နေရာမှန်ကို ရောက်လို့လာပါပြီ

ဒီမှာ နေ့စဉ်ဘဝ မှာအသူံးဝင် Apps လေးတွေကို ဖော်ပြပေးသွားပါမယ် Download လုပ်ခြင်ရင် Apps နာမည်လေးတွေကို နှိပ်လိုက်ပါ
(1) Facebook အတွက်ကတော့ ထူးထွေပြီးမပြောလိုတော့ပါဖူး အမြဲ Up to date လုပ်နိုင်ရင်ပိုကောင်းပါတယ် Activityမတတ်ရင်တော့ data အပိတ်အဖွင့်ကစားပြီးပြန်ဝင်ပါ။

(2) Messenger လည်း မပြောတော့ဖူးနော်။
(3) Pinterest ကတော့ သင်ဟာ ဓာတ်ပုံ လှလှလေးတွေ နှစ်သက်သူနဲ့ Wallpaper crazy ဆိုရင် လုံးဝ အသုံးဝင်မယ်လို့ ရဲရဲကြီး အာမခံရဲပါတယ် နောင်တမရစေရပါဖူး။
(4) Apple Support လည်းရှိသင့်ပါတယ် ကိုယ့်ဖုန်းမှာကြုံတွေ့နေရတယ့် ပြဿနာလေးတွေကို တိုင်ပင်ဖြေရှင်းဖို့ အကူညီရယူဖို့ လွယ်ကူတာပေါ့။
(5) Translate ကတော့ မြန်မာကနေ English တစ်ဖန် English ကနေ မြန်မာဘာသာပြန်ဖို့ရန် လွယ်ကူတာပေါ့ အတိအကျကြီး မမှန်ကန်ပေမယ့် သုံးတတ်ရင် အဘိဓာန် တစ်ခုလို အသူံးဝင်စေပါလိမ့်မယ် OCR ပါသုံးနိုင်တာမို့ အခြားသူအတွက် လူံးဝ အထင်ကြီး အံ့အားသင့်စရာ Feature တစ်ခု အဖြစ်အသူံးချနိုင်ပါမယ် အင်္ဂလိပ် စာရွက်တစ်ခုကိုပြလိုက်တာနဲ့ မြန်မာလို တန်းထွက်လာမှာကိုဗျ။
(6) GarageBand အဓိကကတော့ Ringtonesအတွက် အသုံးပြုကြပါတယ် သူကလည်း သုံးတတ်ရင် Musical Instruments အားလုံးရထားသလို ခံစားစေရပါမယ်။
(7) iMovie ဖြတ်ညှပ်ဆက်ထည့် အတော်အသူံးဝင်လှပါတယ် intro တွေဖန်တီးရတာကစ လုံးဝ ကိ်ုယ့်ဟာကို Pro တစ်ယောက်လို ခံစားစေရပါတယ်။
(8) Apple Store မပြောတော့ပါဖူး iDevices ကိုင်ဆောင်သူတစ်ယောက်အဖို့ ရှိကိုရှိသင့်ပါတယ်။
(9) Adobe document တွေကို စီမံဖန်တီး တည်းဖြတ်ရာမှ အတော်အသူံးဝင်လှတယ်ဆိုတာ မပြောလည်း သိပြီးသားဖြစ်ကြမှာပါ Scanner ပါတယ်ဆိုပေမယ့် ကျွန်တော်ကတော့ အဆင့်သတ်မှတ်ရရင် ၃ လို့ပဲပေးပရစေ။
(10) Clone ဓာတ်ပုံရိုက်တယ့်နေရာမှာ လူတွေပွားရိုက်လို့ရပါမယ် တစ်နေရာတည်းမှာပေါ့ Photoshop လိုပီပြင်ပါတယ် လုံးဝ အတိအကျတော့ မပီပြင်လှဖူးပေါ့ ဘာဖြစ်ဖြစ် သူ့ဟာနဲ့သူကိုကောင်းလှပါပြီ။
(11) Shazam လူတိုင်းရှိပြီးသားဖြစ်မယ်လို့ မြင်မိပါတယ် မရှိရင်အခုပဲ ဒေါင်းလိုက်ပါ အနီးအနားမှာ ဖွင့်ထားတယ့် သီချင်း သံစဉ်ကို နားထောင်ခိုင်းလိုက်တာနဲ့ ဘာသီချင်း နာမည်စသည် ရှာဖွေပေးပါလိမ့်မယ်။
(12) Pixomatic Photoshop ကြိုက်တယ့် သူတွေအတွက် တကယ် ဆောင်ထားရပါမယ် သိပြီးသားလည်းဖြစ်ကြမှာပါ အဓိကကတော့ ပုံနှစ်ခုကို လိုခြင်တယ့် ပုံစံခွင်လေးနဲ့ပဲ ထပ်လိုက်တာမျိုးပါ။
နည်းပညာ အောင်အောင် လယ်ဝေးသားလေး
#IOS BANKER MYANMAR

No comments:

Post a Comment

#🅰dobe Photoshop 2023 အခြေခံမှအဆင့်မြင့်အထိအပြည့်အစုံ Exercise Files များ

  ..ယနေ့ (19/4/2023) အသစ်ထွက်... သင်ခန်းစာ Tutorial များအခကြေးငွေဖြင့်ရောင်းချသော... နာမည်ကျော် Lynda (LinkedIn Learning) ဝဘ်ဆိုက်မှ... #Ado...