Sunday, February 20, 2022

External Hard Disk လေးတွေ တပ်တဲ့အခါ Partition ပေါ်ပြီး ဖွင့်မရသူများ / Format ပဲ ရိုက်ခိုင်းနေလျှင်...........

 External Hard Disk လေးတွေ တပ်တဲ့အခါ Partition ပေါ်ပြီး  ဖွင့်မရသူများ / Format ပဲ ရိုက်ခိုင်းနေလျှင်...........

ဒီလို Error တခါတရံကြုံဖူးသူတွေ သိကြမှာပါ၊



 

-အရင်ဆုံး cmd ကို Run as administrator နဲ့ ဖွင့်ပါ။
-cmd ထဲရောက်ရင် sfc /scannow ဟုရိုက် Enter ခေါက်ပါ။
-ခတ္တစောင့်ပါ။
-ပြီးရင် chkdsk g: /f ဟု ရိုက် Enter ခေါက်ပါ။
chkdsk - Check Disk
g:- Drive Letter Name
/f - Error Fix ( Harddisk မှာ Error ရှိရင် ပြုပြင်ဖို့ပါ )
Drive Letter Name က မိမိတပ်လာတဲ့ Drive Letter ထည့်ပါ။
Check Disk စစ်ပြီးပါက External Hard Disk ကို ဖွင့်ကြည့်ပါ။
အဆင်ပြေပါလိမ့်မယ်။
ကွန်ပျူတာ စဖွင့်တဲ့အခါ Check Disk စစ်တဲ့ စာတွေ တတ်ဖူးတာ
ကြုံဖူးပါလိမ့်မယ်။
Hard Disk နာနေတဲ့ အခါ၊ Hard Disk Error ရှိတဲ့အခါ၊ ဒါမှမဟုတ်
မိမိက Check Disk စစ်ပါလို့ စေခိုင်းတဲ့အခါ ကွန်ပျူတာ စဖွင့်ရင်
Check Disk စစ်တဲ့ စာတတ်လာပါတယ်။

အားလုံး အဆင်ပြေကြပါစေ။ 

နည်းပညာ အောင်အောင် လယ်ဝေးသားလေး 

  

 


No comments:

Post a Comment

#🅰dobe Photoshop 2023 အခြေခံမှအဆင့်မြင့်အထိအပြည့်အစုံ Exercise Files များ

  ..ယနေ့ (19/4/2023) အသစ်ထွက်... သင်ခန်းစာ Tutorial များအခကြေးငွေဖြင့်ရောင်းချသော... နာမည်ကျော် Lynda (LinkedIn Learning) ဝဘ်ဆိုက်မှ... #Ado...