Thursday, July 16, 2015

ဖုန်းအမျိုးအစား ဗားရှင်း မျိုးစုံကို အလွယ်တကူ Root လုပ်ပေးနိုင်တဲ့ KingRoot Apk ဖြင့် Root လုပ်နည်း





မင်္ဂလာပါ
ကျနော် ဒီပိုစ့်လေးကို ရေးဖြစ် သွားတာက ဖုန်း Root လုပ်နည်း Tutorial တွေကို တင်ပေးရင်း ကနေ သတိထား မိလာလို့ ဒီပိုစ့်လေး ကို အားလုံး အတွက်
ပြန်လည် မျှဝေ လိုက်တာ ဖြစ်ပါတယ်။

အထူး သဖြင့် ဖုန်းကို Root လုပ်ချင်တယ် ကွန်ပျူတာ အဆင် မပြေဘူး ပြီးတော့ ကွန်ပျူတာ မလိုပဲ Root လုပ်နိုင်တဲ့ Root Apk လေးနဲ့ သာ Root အလွယ် လုပ်ချင်တဲ့ သူတွေ အတွက် မသိ မဖြစ်တဲ့ Method လေး ဖြစ်တာရယ်။ ပြီးတော့ ဖုန်း Brands အများစုကို အခု နောက်ပိုင်း ဒီ KingRoot apk လေးနဲ့ Root Access တစ်ခု အလွယ် တကူ ရရှိ လာတာ ကြောင့်ရယ်၊ လေ့လာ ခါစ ညီအကိုတွေ အတွက် ပြီးပြည့်စုံ သွားအောင်လို့ ပုံလေး တွေနဲ့ သီးသန့် တင်ပေး လိုက်တာ ဖြစ်ပါတယ်။

KingRoot Apk ဖြင့် Root လုပ်နည်း

Root လုပ်နည်းကို လေ့လာ တော့မယ် ဆိုရင်တော့ ပထမဆုံး သင့်အတွက် အရေးကြီး တာက Root Apk လေး ဖြစ်ပါတယ်။

အောက်ကလင့်မှာ အရင်ဆုံး ဒေါင်းလော့ ရယူ လိုက်ပါ။
>>> Download KingRoot Apk <<<

၁။ လိုအပ်တဲ့ Root Apk လေးကို ဒေါင်းလော့ ရယူပြီး ရင်တော့ KingRoot Apk ကို ဖုန်းမှာ အင်စတော လုပ်ရန် အတွက် Setting > More device > Security > Unknown sources ကို အမှန်ခြစ် ပေးလိုက်ပါ။
၂။ ဖုန်းရဲ့ SD ကဒ်သို့ ကူးထည့် လိုက်ပါ (ကွန်ပျူတာနဲ့) ပြီးရင် မိမိ သိမ်းဆည်း ထားတဲ့ နေရာကို သွားလိုက်ပါ ပြီးရင် install လုပ်ရန် အတွက် apk လေးကို တစ်ချက်နှိပ် လိုက်ပါ။




၃။ အောက်က ပုံအတိုင်း ပေါ်လာ ရင်တော့ Next ဆိုတာကို နှိပ်လိုက်ပါ။
၎။ ဘာမှ ထပ်လုပ် စရာ မလိုတော့ပါ install လုပ်နေ ပါလိမ့်မယ်။




၅။ အောက်က ပုံအတိုင်း ပေါ်လာခဲ့ ရင်တော့ Open ဆိုတာကို နှိပ်လိုက်ပါ။




၆။ Open ကို နှိပ်လိုက် တာနဲ့ မိမိ ဖုန်းရဲ့ Info ကို အတိအကျ ပြပေးနေ ပါလိမ့်မယ် အောက်က ပုံလေးကို ကြည့်ပါ။
Root လုပ်ဖို့ရန် အတွက် Root လုပ်လို့ ပေါ်နေတဲ့ အရမ်းစိမ်း နေရာလေးကို တစ်ချက် နှိပ်လိုက်ပါ၊ ပြီးရင် ခနစောင့် နေလိုက်ပါ။ 




၇။ အောက်က ပုံအတိုင်း အ၀ိုင်းလေး လည်နေပြီး Rooting လုပ် နေပါ လိမ့်မယ် ဘာမှ ထပ်လုပ် ပေးစရာ မလိုတော့ပါ


၈။ Rooting လုပ်နေတုန်းပါ ခနလေး စောင့်နေ ပေးလိုက်ပါ။




၉။ အောက်က ပုံအတိုင်း အမှန်ခြစ် လေးနဲ့ Root Access ရရှိပြီး ကြောင်းကို ပြနေခဲ့ ရင်တော့ သင့်ဖုန်းလေး Root လုပ်ခြင်း ကိစ္စအောင်မြင် သွားပါပြီ။
၁၀။ ဖုန်းကို Root ဖောက်လို့ အောင်မြင် ပြီးရင်တော့ သင့်ဖုန်းလေးမှာ Kinguser Apk လေး အလိုလို ရောက်နေ ပါလိမ့်မယ်။


တကယ်လို့ Root Access ရှိ မရှိ စမ်းကြည့် ချင်တယ် ဆိုရင်တော့ Root Checker လေးနဲ့ စမ်းကြည့် နိုင်ပါတယ်။အောက်ကလင့်မှာ ဒေါင်းလော့ရယူလိုက်ပါ။

>>> Download <<<

ရွှင်လန်းချမ်းမြေ့ကြပါစေ...။
ဆိုင်မွန်စာကြည့်ဆိုဒ်မှ ကောက်နုတ်တင်ပြလိုက်ပါတယ် ။




No comments:

Post a Comment

#🅰dobe Photoshop 2023 အခြေခံမှအဆင့်မြင့်အထိအပြည့်အစုံ Exercise Files များ

  ..ယနေ့ (19/4/2023) အသစ်ထွက်... သင်ခန်းစာ Tutorial များအခကြေးငွေဖြင့်ရောင်းချသော... နာမည်ကျော် Lynda (LinkedIn Learning) ဝဘ်ဆိုက်မှ... #Ado...