စာရိုက်တဲ့အခါ မြန်မာစာ မမှန်ဘူးဆိုရင် ဒီပို့စ်ကို အဆုံးထိ ဖတ်ပေးပါ။
Word, Excel တွေမှာ စာရိုက်တဲ့အခါ မြန်မာစာ မမှန်တဲ့ ပြဿနာကို လိုင်းပေါ်မှာ ခဏခဏ မေးနေတာ တွေ့ရပါတယ်၊ အထူးသဖြင့် Unicode ဖြစ်တဲ့ Pyidaungsu Font ကို အသုံးပြုတဲ့အခါမှာပါ။
ဘာကြောင့် မမှန်တာလဲ၊ မြန်မာစာမှန်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
Windows ကတော့ သိပြီးသားဖြစ်မှာပါ၊ Windows 7, 8.1, 10,11 စသည်ဖြင့် ရှိပါတယ်။ ကိုယ်က ဘာ Windows လဲဆိုတာ သိဖို့ လိုပါတယ်။
Office Version စစ်နည်းကတော့ Word or Excel ကို ဖွင့်လိုက်ပါ၊ ဘယ်ဘက်အပေါ်ဆုံးထောင့်မှာ File ကနေ Account ကို သွားပါ၊ ဒါဆိုရင် Version ကို မြင်ရပါလိမ့်မယ်၊ Microsoft Office Professional Plus 2010,2013,2016,2021 စသည်ဖြင့် ရှိပါတယ်။
အဲဒီ Windows နဲ့ Office Version ကို သိပြီဆိုရင်
Windows 7 နဲ့ Office 2010 ကို သုံးထားတယ်ဆိုရင် Pyidaungsu 1.8 ကို သုံးရမှာပါ။
Windows 8.1,10,11 နဲ့ Office 2013,2016,2019,2021 ကို သုံးထားတယ်ဆိုရင်တော့ Pyidaungsu 2.5 ကို သုံးရမှာ ဖြစ်ပါတယ်။
နောက်ပြီးတော့ Pyidaungsu Font ထည့်တဲ့အခါ အောက်ပါ (၃) မျိုးလုံးကို ထည့်ရပါတယ်။



ဒါကြောင့် Pyidaungsu 1.8 ပဲ ဖြစ်ဖြစ် Pyidaungsu 2.5 ပဲ ဖြစ်ဖြစ် အပေါ်က (၃) မျိုးလုံးကို Down ပြီး ထည့်ရပါတယ်။
ဘယ်ကနေ သွားပြီး Download လုပ်ရမလဲဆိုတော့ https://unicodetoday.org/fonts/ ဒီလင့်ကနေ သွားလိုက်ပါ၊ Down တဲ့အခါ မိမိရဲ့ Windows နဲ့ Office Version ကို ရွေးပြီး Down လို့ ရပါတယ်။
ဒါဆိုရင်တော့ မြန်မာစာ ဘာကြောင့် မမှန်တာလဲဆိုတာ နားလည်သွားပြီလို့ ထင်ပါတယ်၊ ကိုယ့်ရဲ့ Windows, Office Version နဲ့ ထည့်ထားတဲ့ Font က မကိုက်လို့ မမှန်တာပါ။
အဆင်မပြေရင် Comment မှာ မေးခဲ့လို့ရပါတယ်။
တခြားသူတွေလည်း မြင်နိုင်အောင် Share ပေးသွားလို့လည်း ရပါတယ်။
ACTC မှကောက်နုတ်တင်ပြလိုက်ပါတယ် ....
နည်းပညာ အောင်အောင် လယ်ဝေးသားလေး
No comments:
Post a Comment