Monday, August 6, 2018

သင့် iPhone Battery လဲချိန်တန်ပြီလားဆိုတာ ဘယ်လိုစစ်ဆေးသိရှိနိုင်မလဲ??

    သင့် BATTERY ဟာ MAX CYCLES 500 ပြည့်တာနဲ့ သင့်IPHONE မှလိုအပ်နေတယ့် POWER စားသုံးမှုကို ထောက်ပံ့ ပေးနိုင်ဖို့ မစွမ်းနိုင်တော့ပါ

Rechargeable Battery မှန်သမျှဟာ Cycle Time limit ရှိနေပြီးသားဖြစ်ပါတယ် MAC တွေမှာတော့ Battery cycle ကိုအချိန်မရွေးစစ်ဆေးနိုင်စေမယ့် Option ပါဝင်နေတာကြောင့် စစ်ဆေးဖို့ရန် သိပ်ကိုလွယ်ကူလှပါတယ် iPhone မှာတော့ battery နဲ့ပတ်သက်တယ့် Option တွေသိပ်မပါဝင်လှပါဖူး

 ဒါဆိုရင် battery လဲလှယ်သင့်ပြီလားဆိုတာ ဘယ်လိုစစ်ဆေးနိုင်ကြပါ့မလဲ?? စိတ်မပူပါနဲ့ ဒီ့အတွက် Apple မှာအဖြေရှိနေပါတယ် သင့် iPhone ဟာအနည်းဆုံး iOS 10.2.1 အသုံးပြုထားပြီးသားဖြစ်ရမှာဖြစ်ပြီး ဒီ Function ဟာ iPads တွေနဲ့ iPods တွေမှာ မရရှိနိုင်ပါဖူး iOS 10.2.1 နဲ့အထက်အသူံးပြုထားတယ့် iPhone တစ်မျိုးထဲမှာသာ ရရှိနိုင်မှာပါ
ပထမဆုံး Settings ကိုသွားလိုက်ပါမယ် နောက် Battery ကိုဖွင့်လိုက်ပါမယ် တကယ်လို့သာ Lower Power Mode ရဲ့အပေါလေးမှာ အောက်ဖော်ပြပါ ပုံပါအတိုင်း “Your iPhone battery may need to be serviced” လို့သာပြနေပြီဆိုရင် သင့် battery ဟာ Cycles time ပြည့်သွားပြီဖြစ်နိုင်သလို Cycle Max Limit စီ နီးကပ်လာနေပြီဖြစ်တာကြောင့် အသစ်လဲလှယိ အစားထိုးလိုက်ဖို့ လိုအပ်နေပါပြီ
တကယ်လို့ ဘာစာသားမှ မတွေ့ခဲ့ရင်တော့ သင့် iPhone battery ဟာ ဆက်လက် အသုံးပြုဖို့ရန်အတွက် စိတ်ချရတယ့် အနေအထား အခြေအနေမှာရှိနေသေးတယ်ဆိုတာ သင်နားလည်နိုင်ပြီဖြစ်တာကြောင့် စိတ်အေးလက်အေးသာ နေပါ Battery လဲလှယ်ဖို့ရန် မလိုအပ်နိုင်သေးပါ သိူ့သော် warning words လေးတွေကို မြင်ရပြီဆိုတာနဲ့ တစ်ခါတည်းလဲလှယ်လိုက်ဖို့ အကြံပြုလိုက်ပါတယ် Apple ဆိုတာ တကယ်လိုအပ်မှသာ အကြံပြုလေ့ရှိတာကြောင့် ယူံကြည်စိတ်ချစွာ လဲလှယ်အစားထိုး အသုံးပြုလိုက်ပါ။

နည်းပညာ အောင်အောင် လယ်ဝေးသားလေး
#IOS BANKER MYANMAR

No comments:

Post a Comment

#🅰dobe Photoshop 2023 အခြေခံမှအဆင့်မြင့်အထိအပြည့်အစုံ Exercise Files များ

  ..ယနေ့ (19/4/2023) အသစ်ထွက်... သင်ခန်းစာ Tutorial များအခကြေးငွေဖြင့်ရောင်းချသော... နာမည်ကျော် Lynda (LinkedIn Learning) ဝဘ်ဆိုက်မှ... #Ado...