Tuesday, August 7, 2018

Apple ရဲ့ idevices တွေမှာ original ပါတဲ့ earpods ကြိုးနားကြပ် ရဲ့ magic features တွေကို ဘယ်လို အသုံးချမလဲ ?

*iphone earpods တွေမှာ ခလုတ်သုံးခုရှိပါတယ် (ပုံ၂) မှာကြည့်ပေးပါ*
(ပုံထဲက A က microphone ပါ)
အဲ့ခလုတ်လေးတွေနဲ့ ရှင်းပြသွားပါ့မယ်…


 “How to control media playback(music&video)”
(1)earpods စတပ်လိုက်ပြီး center button နှိပ်လိုက်တာနဲ့ random music(ဖွင့်ထားတဲ့ music or video ရှိရင်လဲ) စ play ပါလိမ့်မယ်
(2)media volume အသံချဲ့ဖို့ + ခလုတ်နှိပ်ပါ။
(3)အသံတိုးဖို့ – ခလုတ်နှိပ်ပါ။
(4)play/pause လုပ်ဖို့ center button တစ်ချက်နှိပ်ပါ resume ပြန်လုပ်ချင်ရင်လဲ center button တစ်ချက်ပြန်နှိပ်ပါ။
(5)Skip next song or chapter…
center button ကို နှစ်ချက်ခပ်မြန်မြန်လေးနှိပ်ပါ
(6)previous song or previous chapter…
center button ကို သုံးချက်ခပ်မြန်မြန်လေးနှိပ်ပါ
(7)Fast-forward…
center button ကို နှစ်ချက်ခပ်မြန်မြန်လေးနှိပ်ပြီးဖိထားပါ ရှေ့ကို အမြန်ကျော်သွားပါလိမ့်မယ်
(8)Rewind…
center button ကို သုံးချက်ခပ်မြန်မြန်နှိပ်ပြီး ဖိထားပါ နောက်ကို ကျော်ပေးမှာပါ
(9)Record a voice memo…
voice memo app ကိုဖွင့်ပြီး center button ကိုတစ်ချက်နှိပ်ရင် အသံစဖမ်းပါလိမ့်မယ် ရပ်ချင်ရင် center button ကို တစ်ချက်ပြန်နှိပ်ပါ…။
“Use as camera shutter”
(1)center button ကို တစ်ချက်နှိပ်ရင် ဓာတ်ပုံရိုက်ပေးမှာပါ ဖိထားရင် burst shots ရိုက်ပေးပါလိမ့်မယ်
(2)video section မှာ center button ကို တစ်ချက်နှိပ်ရင် record လုပ်မှာပါ ရပ်ချင်ရင် center button ကို တစ်ချက်ပြန်နှိပ်ပါ…။
“Using siri with earpods”
(1)center button ကို ဖိထားပြီး siri ကို ခေါ်နိုင်ပါတယ် siri တက်လာပြီဆို လွှတ်လိုက်ပါ
(2)commands တွေကို center button ကိုဖိထားပြီးပေး ပါ command ပေးပြီးရင် လွှတ်လိုက်ပါ
(3)siri ရဲ့ volume ကို + – ခလုတ်တွေနဲ့ ချိန်ညှိနိုင်ပါတယ်…။
“Answer and make a call”
(1)ဖုန်းပြောတဲ့ အသံအတိုးအကျယ်ကို + – ခလုတ်တွေနဲ့ ချိန်ပါ
(2)ဖုန်းဝင်လာရင် center button ကို တစ်ချက်နှိပ်ပြီး ဖုန်းကိုင်နိုင်ပါတယ်
(3)ဖုန်းပြောနေရင်း ဖုန်းချချင်ရင် center button ကို တစ်ချက်နှိပ်ပြီး ဖုန်းချနိုင်ပါတယ်
(4)ဝင်လာတဲ့ဖုန်းကို မကိုင်ပဲ ချပစ်ချင်ရင် center button ကို ၂ စက္ကန့်လောက်ဖိထားပါ “တူတူ”ဆိုတဲ့ အသံနှစ်ချက်ထွက်လာပြီး busy လုပ်ပြီးသားဖြစ်သွားမှာပါ
(5)Switch to an incoming call and put current call on hold…
ဖုန်းပြောနေရင်း အခြားဖုန်းတစ်လုံးဝင်လာရင် လက်ရှိဖုန်းကို မချပဲ hold လုပ်ပြီး ဝင်လာတဲ့ဖုန်းကို ဖြေချင်ရင် center button ကို တစ်ချက်နှိပ်ပါ။ပထမ ဖုန်းကို ပြန်ပြောချင်ရင် center button ကို တစ်ချက်ပြန်နှိ်ပ်ပါ
(6)ဖုန်းပြောနေရင်း အခြားဖုန်းဝင်လာရင် လက်ရှိဖုန်းကိုချပြီး ဝင်လာတဲ့ဖုန်းဖြေချင်ရင် center button ကို ၂စက္ကန့်ဖိထားလိုက်ပါ ပထမဖုန်းကျသွားပြီး နောက်ဖုန်းကို ကိုင်လိုက်ပြီးသားဖြစ်မှာပါ…။
“Play music with voice over using earpods”
***ပုံမှန်အချိန်မှာဆိုsetting>siri on ထားရင် voice overသုံးလို့မရပါဘူး music နားထောင်နေချိန်မှာ setting မှာsiri onထားပြီး အင်တာနက်မရှိပေမဲ့လဲ voice over သုံးလို့ရပါတယ်…***
(1)center button ကိုဖိထားလိုက်ပါ tone သံလေးတစ်ခုကြားရင်လွှတ်ပေးလိုက်ပါ voice over က လက်ရှိဖွင့်နေတဲ့ playlist ကိုပြောမှာပါ ပြီးရင် ဖုန်းထဲက ကိုယ်လုပ်ထားတဲ့ playlists တွေကို တန်းစီပြောပါလိမ့်မယ်
(2)မိတ်ဆွေကြိုက်တဲ့ playlist ကို ပြောတာကြားရရင် center button ကို တစ်ချက်နှိပ်လိုက်ပါ အဲ့ playlist ကို ဖွင့်ပေးပါလိမ့်မယ်…။ ။
လွတ်လပ်စွာ share နိုင်ပါသည်…။
ကူးယူဖော်ပြရင်လဲ ရပါသည် credit လေးတော့ပေးပါ … ။
နည်းပညာ အောင်အောင် လယ်ဝေးသားလေး
#iOS Banker Myanmar

No comments:

Post a Comment

#🅰dobe Photoshop 2023 အခြေခံမှအဆင့်မြင့်အထိအပြည့်အစုံ Exercise Files များ

  ..ယနေ့ (19/4/2023) အသစ်ထွက်... သင်ခန်းစာ Tutorial များအခကြေးငွေဖြင့်ရောင်းချသော... နာမည်ကျော် Lynda (LinkedIn Learning) ဝဘ်ဆိုက်မှ... #Ado...